ကိုယ့်ခရီးမှာ
မာမာအေး
သြဂုတ် ၂၂၊ ၂၀၀၈
မာမာအေး
သြဂုတ် ၂၂၊ ၂၀၀၈
ကောင်းရုံကလေး ကြည့်ဖို့သက်သက်
အချစ်လက်နက်တွေအကြား
တို့ မသွားလိုဘူး။
ထူးခြားအတွေး
ဉာဏ်အားနှင့် ဖေး
တို့လက်တွေ မကွေးမီ။
တညီတညွတ်
ဒေါင်းခွပ်ရာလမ်း
ငြိမ်းစခန်းတိုင်
ခိုင်ခိုင်လက်တွဲ
ဇွဲကြီးကြီးထား
သွားမလို့လေ။
မစို့မပို့
ချစ်ဟန်ကျို့စရာ မလိုတော့ပါဘူးကွယ်။ ။
၂ဝဝ၈ သြဂုတ်လ ၈ ရက်
Comments