fund fair in Santa Clara, California

နာဂစ်နှင့် တရုတ်ငလျင် ကူညီရေး ဈေးရောင်းပွဲ ဆန်တာကလဲယား၌ ပြုလုပ်
ဓာတ်ပုံသတင်း
သြဂုတ်လ ၁၃၊ ၂ဝဝ၈


မြန်မာပြည်တွင် နာဂစ် ဆိုင်ကလုန်းဒဏ်ကြောင့် အတိဒုက္ခရောက်ရသည့် မြန်မာပြည်သူများနှင့် မြေငလျင်ဒဏ်ခံခဲ့ရသည့် တရုတ်ပြည်သူများအား အကူအညီပေးရေး ဈေးရောင်းပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲယားမြို့၌ သြဂုတ်လ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့သည်။


မူဆလင်လူမှုအဖွဲ့ အဆောက်အအုံတွင် ပြုလုပ်သည့် အဆိုပါဈေးရောင်းပွဲကို နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီထိ ပြုလုပ်ခဲ့ရာ စေတနာရှင်များက မြန်မာနှင့် အိန္ဒိယ အစားအစာများ လာရောက်ရောင်းချခဲ့ပြီး သီးခြားလှူဒါန်းမှုများလည်း ရှိခဲ့သည်။ ဈေးရောင်းပွဲမှ ရရှိမည့် အလှူငွေများအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ ဒေသခံ စေတနာ့ဝန်ထမ်းများထံ တိုက်ရိုက်ပေးပို့သွားမည်ဟု သိရသည်။

Comments