၈၈ အနှစ် ၂၀ - အခန်းဆက်များ
သတင်းစာများက ပြောတဲ့ ၈၈ အရေးတော်ပုံမြင်ကွင်း
မိုးမခ
သြဂုတ် ၂၆၊ ၂၀၀၈
၈၈ အရေးတော်ပုံကာလမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သားပြည်သူ့နေစဉ်၊ ဗိုလ်တထောင် စတဲ့ သတင်းစာတွေမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားရ၀မ်းသာ သတင်းပို့တင်ပြခဲ့ကြပါတယ်။ ယခု စစ်အုပ်စုလက်ထဲက သတင်းစာတွေလို မျက်နှာတဖက်ထဲကြည့်ပြီး အခြားတဖက်ကို ပုတ်ခတ်ဆဲဆိုနေတာကို တွေ့ရမှာ မဟုတ်ပါဘူး။ သတင်းခေါင်းစဉ်တွေ၊ ဓာတ်ပုံတွေ ဖတ်မိသမျှ ဖတ်ကြည့်ပါ။
- ဒေါက်တာမောင်မောင် အမေရိကန်လွှတ်တော်အမတ် ဆိုလာဇ်အား တွေ့ဆုံ
- မစ္စတာ ဆိုလာဇ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်
- ရန်ကုန်လူထု ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်
- ဒီမိုကရေစီ ရရှိရေး ဆန္ဒပြမှု ဓာတ်ဆီဆိုင်ဝန်ထမ်းများ ရှင်းချက်ထုတ်
- ပြည်သူဆန္ဒနှင့်အညီ ရပ်တည်ရန် တိုက်တွန်း၊ ကျောင်းသူ ကျောင်းသားများ ဦးဆောင်မှု ဂုဏ်ယူ
- စာနယ်ဇင်း သမဂ္ဂ ဖွဲ့မည်
- နိုင်ငံတော် သမ္မတမိန့်ခွန်း ကျောင်းသားသမဂ္ဂ သဘောထား ကြေညာ
- အင်းစိန်နှင့် မန္တလေး အကျဉ်းထောင်များမှ ဆက်လက်လွှတ်ပေး
- တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့၊ ပြည်သူကို စိတ်နဲ့တောင် မပစ်မှားကြနဲ့
- မအူပင် ကျောင်းသားနှင့် ပြည်သူများ အေးချမ်းစွာ လှည့်လည်ဆန္ဒပြ
- အဖွဲ့အစည်းများ ကြေညာချက် ထုတ်ပြန်၊ အဓိကရုဏ်းမဖြစ်စေရေး မေတ္တာရပ်ခံ
- ကောင်စီ ပါတီရုံးများ ပြန်လည်ပေးအပ်၊ လမ်းစဉ်ပါတီဝင်များကို မနှောင့်ယှက်သင့်၊ ဒီမို-ငြိမ်းချမ်း အဖွဲ့ (ယာယီ) က ပြည်သူသို့ မေတ္တာရပ်ခံ
(ဆက်လက် ဖော်ပြပါမည်)
Comments