UN Envoy Extends Visit

ဒေါ်စုနှင့်တွေ့ခွင့်ရရန် ဂမ်ဘာရီခရီးစဉ်သက်တမ်းတိုး
AP
သြဂုတ် ၂၂

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီက ၎င်း၏ခရီးစဉ်ကို သက်တမ်း ၁ ရက် တိုးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေးအတွက် ထိုသို့ တိုးလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံမည့်နေရာသို့ ဒေါ်စု ရောက်လာခြင်း မရှိပေ။ ဒေါ်စုက ကုလသမဂ္ဂ၏ မြန်မာပြည်အပြောင်းအလဲ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အားမရသောကြောင့် ဖြစ်နိုင်သည်ဟူသော ယူဆချက်လည်း ထွက်ပေါ်နေသည်။

မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်များမှာ ၂၀၀၆ နှစ်လယ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယခင်ခရီးစဉ်များတွင် ဒေါ်စုနှင့် တွေ့ဆုံလေ့ရှိသည်။

Comments