ထိုင်းနိုင်ငံတွင် ဆန္ဒပြကြဆဲ၊
ဝန်ကြီးချုပ်အသစ်ကလည်း နှုတ်ထွက်မည်မဟုတ်ဟုဆို
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၇၊ ၂၀၀၈

ထိုင်းနိုင်ငံတွင် ၃ လ ကျော်ကြာ အစိုးရကို ဆန္ဒပြနေသူ အများအပြားက သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို ၀င်ရောက်သိမ်းပိုက်လိုက်သည်။
နိုင်ငံတကာ ခရီးစဉ်များ ပျက်သွားပြီး ခရီးသည်များလည်း ဘန်ကောက်မြို့တွင်းသို့ ပြန်ကြရသည်။
ထိုင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ် Anupong Paochinda (ညာဘက်) နှင့် ၀န်ကြီးချုပ် Somchai Wongsawat (ဘယ်ဘက်)။
ကြည်းတပ်ဗိုလ်ချုပ်ကြီးက ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ရန်၊ ဆန္ဒပြသူများ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပြီး လေဆိပ်အတွင်းမှ ထွက်ခွာရန် တိုက်တွန်းထားသည်။ (ယခင်လက ထိုင်းဘုရင်၏အစ်မတော်ဈာပနအခမ်းအနား အစမ်းလေ့ကျင့်ပွဲတွင် ရိုက်ကူးထားသောပုံဖြစ်သည်။)(photos: AP, Reuters)

Comments