Di Da - Poem

ရင်ကွဲတေး

ဒီဓါး

မတ် ၆၊ ၂၀၀၉

အဖေရေ …

နယ်နှင်ဒဏ်ခံနေရတဲ့ စံပယ်ရုံလေးတွေ

မြို့တော်လမ်းမကြီးပေါ်က မကျန်းမာတဲ့နှလုံးသား

တင်းကျပ်ပိတ်လှောင်ခံထားရတဲ့ အတွေးခေါ်လင်းပွင့်မှုတွေ

အမှန်တရားအကြောင်း မပြောရဆိုတဲ့ ပညတ်တော်တွေ

သမိုင်းဖြစ်စဉ် လမ်းကြောင်းပေါ် သံရည်ပူတွေ ဆွတ်ဖြန်း

ငါ့စကားနွားရ အပြောအဆိုတွေက ကြီး

ကျနော်တို့အနာဂတ်တွေလည်း ထမင်းသိုးဟင်းသိုးဖြစ်ခဲ့ပါပြီ

(အကျဉ်းထဲကလာတဲ့ ကဗျာတပုဒ်)

Comments