the last day of circuit city stores

ဆားကစ်စီးတီး နောက်ဆုံးနေ့
ကျော်ကျော်
မတ် ၉၊ ၂၀၀၉

နယူးဂျာဆီမြို့ရဲ့ ဆားကစ်စီးတီး(Circuit City) စတိုးတစ်ခုမှာ တနင်္ဂနွေနေ့ ဆိုင်ဖွင့်ချိန် ၁၁ နာရီ မတိုင်မီကတည်းက လူအယောက် ၄၀ လောက် အပြင်မှာ တန်းစီစောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်ထဲမှာ ပစ္စည်းအနည်းငယ်လောက်သာ စင်ပေါ်မှာကျန်ပါတော့တယ်။

တချိန်တုန်းက အလွန်အောင်မြင်ပြီး ဆိုင်ခွဲပေါင်း ၅၆၇ ဆိုင်ရှိတဲ့ လျှပ်စစ်ပစ္စည်း ကုမ္ပဏီကြီးဟာ အရှုံးပြပြီး ဇန်န၀ါရီ ၁၇ ရက်နေ့ကစပြီး လျှော့ဈေးနဲ့ ရောင်းချခဲ့တာ တနင်္ဂနွေနေ့ဟာ နောက်ဆုံးနေ့ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ စီးပွားပျက်ကပ်ကြောင့် သက်တမ်း ၆၀ နှစ် ရှိခဲ့တဲ့ ဆားကစ်စီးတီးဟာ ယခင်နှစ် နိုဝင်ဘာလကတည်းက ဒေ၀ါလီခံခဲ့ပြီး ကုမ္ပဏီကို ထပ်မံဝယ်ယူမည့်သူလည်း ရှာမတွေ့ဘဲ ဖြစ်ခဲ့ပါတယ်။ ဆားကစ်စီးတီးနဲ့ နှစ်မိုင်ခန့်သာ ဝေးတဲ့ ပြိုင်ဖက် ဝေါလ်မတ်(Wal-Mart) စတိုးမှာ လျှပ်စစ်ပစ္စည်း အမျိုးအစား များစွာကို တိုးမြှင့်ရောင်းလာတဲ့အတွက် ဆားကစ်စီးတီးသာမက ဘက်စ်ဘိုင်း(Best Buy) စတိုးတွေ အတွက်ပါ ဖိအားတွေ ဖြစ်စေခဲ့ပါတယ်။

“ဒီနေ့ဟာ အလုပ်သမားတွေရဲ့ နောက်ဆုံးနေ့ဖြစ်လို့ အင်မတန် ၀မ်းနည်းမိပါတယ်” လို့ ၂၅ နှစ်အရွယ်သားဖြစ်သူရဲ့ နောက်ဆုံးနေ့အလုပ်အတွက် ဆားကစ်စီးတီးကို ရောက်လာတဲ့ Omaida Omacho က ပြောပါတယ်။

“လူတွေဟာ ဈေး အဆမတန် လျှော့တဲ့ အချိန်ကို စောင့်ပြီး ၀ယ်ယူကြပါတယ်၊ ဒါပေမဲ့ အလုပ် ပြုတ်သွားတဲ့ သူတွေအတွက် သူတို့ စဉ်းစားမိမှာ မဟုတ်ပါဘူး၊ ကျမ အလွန်ပဲ ခံစားမိပါတယ်” လို့ သူမက ဆက်ပြောသွားပါတယ်။

Comments