Regime's Election Committe seems not ready for 2010 Election


၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင် အဆင်သင့်ဖြစ်ပုံ မရသေး

မိုးမခ ဓာတ်ပုံသတင်း

မတ် ၁၅၊ ၂၀၀၉

ပြည်တွင်း ပြည်ပက အင်အားစု အသီးသီးက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘက်စုံ၊ ဒေါင့်စုံမှ ၀င်ရောက်ရန်၊ ပြုပြင်ရန်၊ ပြင်ဆင်ရန်၊ ဆင်နွှဲရန် နည်းမျိုးစုံဖြင့် အသံမျိုးစုံ ဟစ်နေချိန်တွင် ရန်ကုန်မြို့ရှိ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရုံးကြီးမှာ နာဂစ် မုန်တိုင်းအပြီး အပျက် အစီးများဖြင့် ထီးထီးကြီး ကျန်ရစ်နေဆဲ ဖြစ်သည်။ စိတ်ဝင်စားသူများက နိုင်ငံတော် ကိုယ်စား ကိုယ်ထူ၊ ကိုယ်ထ၊ ကိုယ့်အား ကိုယ်ကိုးပြီး ထို ရွေးကောက်ပွဲ ကော်မရှင်ရုံးကြီးကို အရင်ဆုံး ၀ိုင်းဝန်း ပြင်ဆင် ပြုပြင်ပေးကြရန် လိုပေလိမ့်မည်ဟု ပရိသတ်တဦးက ထင်မြင်ချက် ပေးသည်။

Comments