Zaw (Pyinmanar) - Pyinmanar Metta Zar

ပျဉ်းမနားမေတ္တာစာ

ဇော် (ပျဉ်းမနား)

မတ် ၄၊ ၂၀၀၉

သူငယ်ချင်း …
ပုပင်း အင်းတောင်၊ ညောင်ရမ်းနောင်တဲ့ 
တစ်စောင်တစ်ဖွဲ့ ၊ ပြောကြတယ်။

ဘာရမလဲ
ရေလွဲမြစ်မနား၊ ဒါ ပျဉ်းမနားပေါ့ 
ဦးကုလားက ညွှန်းဖူးတယ်။

လိပ် မြန်မာစစ်၊ ပျဉ်းမနားသစ်ကြောင့် 
ဖြစ်ခဲ့ရတယ် အဆိုရှိတယ်။

ကြေးကုလားမြင်း
ဝက်ခေါင်းထိုး နင်းတော့ 
နင်းကျန်း နယ်ကျန် တို့များနယ်တဲ့ ။

လိပ်ကို သတ်ပါ၊ အခွံခွာလော့ 
ဆရာတော်ဥတ္တမ လာဟောတယ်၊

သူငယ်ချင်း
သပြေလှဟာ၊ ငါတို့ ရွာပေါ့ 
ငါငယ်တုန်းက၊ ဒေါင်းဖတ်စာပေါ့ 
သွားကြသောင်းသောင်း၊ လာကြသောင်းသောင်း
ကောင်းကောင်း မှတ်မိနေသေးတယ်။

တောင်ညိုခင်ကြော၊ ၀ါးချွန်ပေါသနဲ့ 
တောမီးလှန့်တာ ကြားရမယ်။

သစ်ဟေ့ ဆိုရင်
လက်တင်အမေရိကား၊ ပင်မလ်ဇန်းဒါးကို
ဒို့ တမလန်းသားက ရယ်တယ်။

အက်ဖ်အီးစ်ီကို
ချက်ကြီးတို့ ရှာကြတယ်။

စာပေ ကဗျာ
သာတဲ့သီချင်း၊ ၀ိုးတ၀င်းပေါ့ 
အင်းဝခေတ်များ ၊ လှေထိုးသားလို
ဆိုက်ကားသမားက စာစပ်တယ်။

ဒါပေမယ့်
ပျဉ်းမနားသား၊ ငါတကားလို့ 
မကြွားရဲဘူး၊ သူငယ်ချင်း။


တနေ့သားမှာ
ငါနဲ့ပက်ပင်း၊ လူကြီးမင်းလေ
မင်းတို့ပျဉ်းမနား၊ သိပ်ကျော်ကြားတယ်
ပျဉ်းမနားဆိုရင် မျှစ်ချဉ် တဲ့ 
မျှစ်ချဉ်ဆိုရင် ပျဉ်းမနား တဲ့ 
ငါ ဖျားသွားတယ် သူငယ်ချင်း။

(စာညွှန်း - ၁၉၈၂၊ ဇန်န၀ါရီလထုတ်၊ မိုးဝေမဂ္ဂဇင်း၊ ထပ်ညွှန်း - ဇောင်းလေးရဲ့ ဘလော့ (http://www.zaunglay.co.cc) )

Comments