သုညထဲက ညလက်လက်
ချိုစိမ့်
ဧပြီ ၁၊ ၂၀၀၉
နှင်းတောထဲမှာ
ငါ …
ပန်းပင်လေးတွေ စိုက်တယ်။
အပင်ဖြစ်စ ပန်းပင်
ငှက်ကလေးတွေ ထိုးဆိတ်တယ်။
သေကြရှာပါ့ကုန်
ငါ …
ထပ် စိုက်တယ်
ငှက် ဆိတ်
ဒီ သံသရာ
ငါ …
မညည်းဘူး။
ကုန်သွားတဲ့ မနေ့ကတွေကို
ငါ …
လက်ပန်းမကျခဲ့ဘူး။
မနေ့ညက
ကောင်းကင်မှာ
ခရမ်းပြာ ကြယ်ပွင့် လက်တယ်။ ။
Comments