Two Burmese Brothers gone missing in Alhambra


မြန်မာကလေးငယ် ၂ ဦး အိမ်မှ ပျောက်ဟု ဆို

စီးတီးနယူးဆားဗစ်၊ အယ်လ်အေ၊ အယ်ဟမ်ဘရာ

ဧပြီ ၂၈၊ ၂၀၀၉

(Alhambra) ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က မြန်မာကလေး ၂ ဦး အိမ်က ကျုရှင်သို့အသွား လမ်းတွင် ပျောက်ဆုံးသွားသည်ဟူ ဆိုသည်။ ယခု ပုလိပ်တပ်ဖွဲ့တို့က လိုက်လံရှာဖွေနေသည်ဟု သိရသည်။ ၎င်းတို့နံမည်များမှာ Tial Thawn နှင့် Hniang Nawl Thawn ၁၄ နှစ်နှင့် ၁၁ နှစ် အသီးသီး ဖြစ်သည်။ ၎င်းတို့ကို နောက်ဆုံးတွေ့ရှိခဲ့သည့် နေရာမှာ South Olive Ave, Alhambra၊ ညနေ ၃ နာရီ ၁၅ ဖြစ်သည်။ ကလေးအကြီးက အိမ်ကထွက်ပြေးသည့် အကျင့်ရှိသည်ဟု ဆိုသည်။

ပျောက်ဆုံးစဉ်က ကလေးအကြီးက ၅ ပေ ၄ လက္မ၊ ပိန်ပိန်၊ ခေါင်းစွပ်စွယ်တာ အရောင်ဖျော့၊ တီရှက်အနက်၊ ဘောင်းဘီတို အပြာနှင့် အဖြူပြာကြား ကျောပိုးအိတ်လွယ်ထားသည်။ ကလေးအငယ်က ၄ ပေခန့်၊ ပိန်ပိန်၊ အဖြူရောင်တီရှပ်၊ အရောင်နှင့် ဘောင်းဘီတို၊ အနက်ရောင်အနွေးထည်နှင့် အနီရောင် ကျောပိုးအိတ် လွယ်ထားသည်။ ပုလိပ်တပ်ဖွဲ့ကို ဆက်ရန် နံပါတ်မှာ - (626) 570-5151 ဖြစ်သည်။

Comments