Aung Way - Ma Ma Khin Oo Sabe - 6

မမခင်ဦးစံပယ်သို့ တမ်းချင်း - ၆

အောင်ဝေး

မေ ၃၊ ၂၀၀၉

ရထား တစင်း

ခရီးပြင်း နှင်လာတယ်

ရထား နှစ်စင်း

ခရီးပြင်း နှင်လာတယ်

ရထား သုံးစင်း

ရထား လေးစင်း

ရထား ငါးစင်း

ရထား အစင်းပေါင်းများစွာ

ခရီးပြင်းနှင်လာတယ် မမခင်ဦးစံပယ်။

Comments