တီမောသမ္မတက ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို နိုင်ငံတကာခုံရုံးသို့ ပိုရန် ဆန္ဒရှိ
ဓာတ်ပုံသတင်း
မေ ၁၅၊ ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTjuYIWM2z0bcJZeeMwHMv67b3MLavc56C98agZj0iPmwemCEHnoMKTk-96X1QkcIk_2pqGLU2WTSSTqUhZV3I9qND8KwOjXX75P9Xq-JE-78d6lmcOVB_SldDM3acF6Eewkgd-8auIfNa/s200/Jose-Ramos-Horta2.jpg)
အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း မပြုလျှင် မြန်မာဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) က စုံစမ်းအရေးယူရန် သူက တောင်းဆိုမည်ဟု ဂျကာတာရှိ ဘီဘီစီ သတင်းထောက်ကို ယနေ့ ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခြင်းသည် အလွန်စက်ဆုပ် ရွံမုန်းစရာ၊ ခံပြင်းစရာ ကောင်းသည့် အပြုအမူ ဖြစ်သည်ဟုလည်း ပြောလိုက်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းထံမှ ပြစ်ဒဏ်ခတ် အရေးယူမှုများ အပါအ၀င် ခိုင်မာတိကျသည့် အရေးယူမှုများ ပြုလုပ်လာရန် စစ်အစိုးရက ဆွပေးလိုက်ခြင်းဖြစ်သည် ဟုလည်း မှတ်ချက် ချသွားသည်။ သမ္မတ ဟော်တာသည် ဒေါ်စုကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်တဦးလည်း ဖြစ်သည်။

Comments