IT နည်းပညာ ပြပွဲ ရန်ကုန်တွင် ပြုလုပ်
ဓာတ်ပုံသတင်း
မေ ၁၊ ၂၀၀၉ ၃ ရက်ကြာမည့် အိုင်တီ နည်းပညာပြပွဲတခုကို ရန်ကုန်မြို့ အင်ဗွိုင်းခမ်းမတွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ “အိုင်တီနည်းပညာ အသစ်တွေနဲ့ ထုတ်ကုန် ပစ္စည်းအသစ်တွေကို တစ်နေရာတည်းမှာ အချိန်တိုအတွင်း လေ့လာသိရှိ ၀ယ်ယူ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အတွင်းရေးမှူး ဦးငြိမ်းဦး၏ ပြောပြချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ဆိုင်ခန်းပေါင်း ၁၇၀ ၀န်းကျင် ပါဝင်သည်ဟု ဆိုသည်။

Comments