NLD calls for Daw Suu medical care


ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့် ပေးရန် အဖွဲ့ချုပ်က တောင်းဆို
AFP သတင်းဌာန
မေ ၁၀၊ ၂၀၀၉
၁၉၉၈ ခုနှစ် ဇူလိုင်လက ဒဏ်ရာများဖြင့် အနားယူနေသော ဒေါ်အောင်ဆန်းစုကြည်။
ထိုစဉ်က ဧရာဝတီတိုင်းသို့ ခရီးထွက်စဉ် ညောင်တုန်းမြို့နယ်အတွင်း တားမြစ်ခံရသည်။ ကားအတွင်း ၆ ရက်ကြာ အစားအစာ မရှိဘဲ ခရီးထွက်ခွင့် စောင့်ဆိုင်းနေစဉ် အာဏာပိုင်တို့က သူ့ကို အကြမ်းဖက် ဖမ်းဆီးပြီး ရန်ကုန်မြို့ နေအိမ်သို့ ပြန်ပို့လိုက်သည်။ (ဓာတ်ပုံ - ဒီပဲယင်းလုပ်ကြံမှု အရေးယူ ဆောင်ရွက်ရေး ကော်မရှင်)

အထိန်းသိမ်းခံနေရသူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့် ပေးရန် သူ၏ ပါတီက ယနေ့ စစ်အစိုးရကို တောင်းဆိုလိုက်သည်။ သူ၏ ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်နေသည်ဟုလည်း ပြောသည်။


သောကြာနေ့က အသက် ၆၃ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်သည် အစာ မစားနိုင်ဘဲ သွေးပေါင် ကျနေဟု သိရသည်၊ ထို့ပြင် ရေဓာတ် ခမ်းခြောက်နေသည်၊ မိသားစုဆရာဝန်၏ လက်ထောက်က သူ့ထံ သွားရောက်ပြီး အကြောဆေး သွင်းပေးရသည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

စနေနေ့က ဆေးကုသရေးအတွက် သူ့အိမ်သို့ ထပ်မံသွားရောက်ခွင့်ရရန် တောင်းဆိုသော်လည်း မြန်မာအာဏာပိုင်တို့က ခွင့်မပြုခဲ့ကြောင်း၊ မိသားစု ဆရာဝန်သည်လည်း မည်သည့် အတွက်ကြောင့်ဟု မသိရဘဲ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ သူ့ကျန်းမာရေးအတွက် အင်မတန် စိုးရိမ်နေပါတယ်။ ဆေးကုသခွင့် အတွက်တော့ ဘာ ကန့်သတ်ချက်မှ မရှိသင့်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက AFP ကို ပြောသည်။

Comments