Thee Lay Thee & Colorful Anyeint for Nargis

နာဂစ်ဒုက္ခသည်များအတွက် သီးလေးသီး ဘန်ကောက်တွင် ကတော့မည်
မေ ၂၁၊ ၂၀၀၉
မိုးမခ အထောက်တော် ၀၀၄
နာဂစ်ဒုက္ခသည် ကလေးများကို ပညာရေး ရံပုံငွေ ပေးအပ်နိုင်ရန် သီးလေးသီး ဆေးရောင်စုံအငြိမ့်၊ မွန်၊ ကရင်၊ ကချင်၊ ပအို့ ရိုးရာ အက ဖျော်ဖြေပွဲများကို ရှေ့လ ၇ ရက်နေ့၌ ဘန်ကောက်မြို့တွင် ပြုလုပ်တော့မည် ဖြစ်သည်။

နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ပြုလုပ်မည့် ထိုဖျော်ဖြေပွဲများကို ရပ်ချထေ၀ီ (Ratchathewei BTS station) မိုးပျံရထားဘူတာရုံအနီးရှိ ခရစ်ယာန် ကျောင်းသားများ ဆုံရပ် (Students Christian Center) တွင် သွားရောက်ကြည့်ရှုနိုင်မည်ဟု သိရသည်။

သီးလေးသီး ဆေးရောင်စုံ အငြိမ့်သည် လူရွှင်တော် ဇာဂနာ ထူထောင်ထားသည့် အငြိမ့်အဖွဲ့ ဖြစ်သည်။

Comments