NLD issued palmphlet to mark DASSK 64


အင်န်အယ်ဒီပါတီက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ကမ်းစာစောင် ထုတ်ဝေ

မိုးမခ (ကိုးကား - ရန်နိုင်ထွန်း (ကိုရီးယား))

ဇွန် ၁၈၊ ၂၀၀၉

ပါတီက ၁၇။၀၆။၀၉ နှင့် ထုတ်ပြန်ချက် ပြန်ကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်တရားခွင် ရုံးချိန်းပြီးနောက်ပိုင်းမှ ပါတီက တင်သွင်းလိုသည့် သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦးတို့ကို ခွင့်ပြုရန် သင့်မသင့် ဆုံးဖြတ်မည်ဟု တရားရုံးတော်က ဆိုကြောင်း ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်နှင့်အတူ လက်ခံရရှိသော လက်ကမ်းစာစောင်မှာ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူမ ရရှိခဲ့သော ဆုများ၊ ဂုဏ်ပြုလွှာများ စာရင်းကို စုစည်းတင်ပြထားခြင်း ဖြစ်ပြီး ဆုပေါင်း ကောက်ခံရရှိသမျှ ၉၅ ခုကို ဖော်ပြထားသည်။

Comments