Daw Suu sent Letter to Than Shwe



ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့

မိုးမခဓာတ်ပုံသတင်း

စက်တင်ဘာ ၂၉၊ ၂၀၀၉

ယမန်နေ့က အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်များအရ ပါတီခေါင်းဆောင်၊ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေထံ စက်တင်ဘာ ၂၅ ရက်စွဲဖြင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရသည်။ ၎င်းစာတွင် မြန်မာပြည်အား အရေးယူပိတ်ဆို့ခြင်း ခံထားရမှုတို့ကို ရုတ်သိမ်းနိုင်စေရေးအတွက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ထိုအရေးတွင် ၂ ဖက်စလုံး (စစ်အုပ်စုနှင့် အရေးယူသူများ) ၏ အခြေအနေကို နားလည်နိုင်စေရန် မိမိကို ဆောင်ရွက်ခွင့်ပြုစေလိုကြောင်း၊ ပါတီ၏ သဘောထားကိုလည်း ရယူလိုကြောင်း တောင်းဆိုထားသည်ကို တွေ့ရသည်။

(ဓာတ်ပုံမှတ်တမ်း - ဇော်မိုးအောင်(ကိုရီးယား၊ အင်န်အယ်ဒီ အယ်လ်အေ)

Comments