Outage and Outrage, this is Burma

ပျက်ပြီးရင်း ပျက်၊ ဖမ်းပြီးရင်း ဖမ်း … အဲဒါ မြန်မာပြည်
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
အောက်တိုဘာ ၂၆၊ ၂၀၀၉
မိုးမခမိတ်ဆွေများ ခင်ဗျား
          တလောက ခင်ဗျားတို့ တင်ပြသလို ရေပြတ်၊ မီးပြတ်၊ စီအင်ဂျင် ပြတ်နေပေမယ့် မြန်မာပြည်မှာ ရေကြီး၊ မိုးကြီး ပြီးတော့ ဈေးကြီးတာကတော့ လျော့သွားတယ် မရှိ တိုးလို့သာ လာနေပါတယ်။
          ဒါ့အပြင် အခု အောက်တိုဘာအတွင်းမှာ စာနယ်ဇင်းသမားတွေ၊ စာနယ်ဇင်းလုပ်ငန်းထဲက အလုပ်သမားတွေကို မျက်စိဒေါက်ထောက်ပြီး ဖမ်းဆီးမှုတွေလည်း တိုးပြီးတော့ လုပ်နေတာ အဖမ်းခံရသူ ၂၀ ဦး နီးပါး ရှိပြီလို့ ကြားပါတယ်။ ကျနော်တို့က လက်တို့လိုက်ရင် ခင်ဗျားတို့ဆီက အဖွဲ့တွေ အစည်းတွေက စာရင်းတွေ ထုတ်ပြန်တာတွေ ထွက်လာကောင်းပါရဲ့။ ဒါဆိုရင် စစ်အစိုးရဟာ သနပ်ခါးလိမ်း ပန်းပန် မိတ်ကပ်လိမ်းထားပေမယ့် စစ်ဘီလူးစစ်စစ်ကြီး၊ မိစ္ဆာကောင် စစ်စစ်ကြီးဆိုတာ လူတွေ မေ့ မေ့ သွားမှာစိုးလို့ သတိပေးကြပါဦးခင်ဗျား။

Comments