Burmese Funeral Service held for Yar Pyay by his siblings in San Francisco


ဆန်ဖရန်စစ္စကိုတွင် ဇာတ်မြှုပ်နေထိုင်သူ အဆိုတော် “ရာပြည့်  (ကိုတင့်လွင်) ၁၉၅၃ - ၂၀၀၉” ဈာပန - မိသားစုဝင်များက ပြုလုပ်
မိုးမခဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၅၊ ၂၀၁၀
မြန်မာပြည်တွင် ၁၉၈၀ ခုနှစ်များက ထင်ရှားခဲ့သူ သီချင်းရေးဆရာ၊ အဆိုတော် ရာပြည့်သည် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် ဒီဇင်ဘာ ၉ ရက်က ကွယ်လွန်ခြဲ့ပီး၊ ရပ်ဝေးရှိ ၎င်းမိသားစုဝင်များ လာရောက်သဂြိုလ်နိုင်မည့်အချိန်အထိ ရုပ်ကလာပ်ကို ဆေးရုံက ထိန်းသိမ်းထားခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က အကိုဖြစ်သူ ဦးဖုန်းမြင့်ဆွေ၊ ဒေါ်သင်းသင်းနွယ်တို့ ကိုယ်တိုင်လာရောက်ပြီး နောက်ဆုံး မြန်မာထုံးတမ်းအစဉ်အလာနှင့်အညီ အသုဘရှု၊ ဆွမ်းကျွေး၊ တရားနာ ကျင်းပရန် စီစဉ်နိုင်ခဲ့ရာ ယမန်နေ့တွင် မိသားစု၏ နောက်ဆုံးနှုတ်ဆက်သည့် ဈာပနာအခမ်းအနားကို ကျင်းပခဲ့သည်။ ကိုရာပြည့်၏ မိတ်ဆွေများ၊ ချစ်ခင်သူ ပရိသတ်များက နောက်ဆုံး နှုတ်ဆက်ကြပြီး မြန်မာဗုဒ္ဓဘာသာထုံးတမ်းနှင့်အညီ ကောင်းမှုပြု အမျှအတမ်းများ ပေးဝေခဲ့ကြသည်ဟု ဆိုသည်။



Comments