Burmese Literary Talk Singapore 2010 a success

စက်တင်ဘာ ၂၆ စင်္ကာပူစာပေဟောပြောပွဲ အောင်မြင်
မိုးမခအထောက်တော် - စင်္ကာပူ
စက်တင်ဘာ ၂၉ ၊ ၂၀၁၀
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံက စာပေမြတ်နိုးသူမြန်မာများနဲ့ စင်္ကာပူမြန်မာလုပ်ငန်းရှင်များ ပူးပေါင်းကျင်းပတဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ လယ်တွင်းသားစောချစ်၊ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ကာတွန်း အောပီင်္ကျယ်တို့ကို ဖိတ်ခေါ်ပြီး ဟောပြောခဲ့ကြရာမှာ ပရိသတ် ၁၃၀၀ ကျော် တက်ရောက်ကြပါတယ်။ ထိုင်ခုံများ ပြည့်လျံတဲ့အပြင် ခုံမဲ့ အားပေးသူ ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ဆရာမောင်စိန်ဝင်းက အမျိုးသားစိတ်တက်ကြွစေတဲ့ ကဗျာတွေကို ရွတ်ဆိုပြီး ရှင်းပြသွားတယ်၊ 
ဆရာအော်ပီကျယ်က ဘ၀မှာ အပျော်ရှာတဲ့နေရာမှာ အစစ်အမှန် ပျော်ရွှင်မှုကို ရှာကြဖို့ အကြောင်း ကာတွန်းတွေ၊ ဟာသတွေနဲ့ ပြောဆိုသွားတယ် လို့ ဆိုပါတယ်။ 

လယ်တွင်းသားစောချစ်ကတော့ စာပေရေးရာများ ဟောပြာသွားတယ်လို့ သိရပါတယ်။
စာပေဟောပြောပွဲမှာ မှတ်တမ်းဓာတ်ပုံများ တင်ဆက်ခဲ့ရာမှာ ယခင်နှစ်က စာပေဟောပြောပွဲကို အကြောင်းပြုပြီး မြန်မာပြည်က စာရေးဆရာကြီးများဖြစ်တဲ့ ဒဂုန်တာရာ၊ နတ်နွယ်နဲ့ နေသွေးနီတို့ကို ကန်တော့ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ယခုနှစ်မှာလည်း ဟောပြောတဲ့ ဆရာကြိးများကို ဂါရ၀ပြု အမှတ်တရ ကျေးဇူးတင်လက်ဆောင်များ ပေးအပ်နိုင်ခဲ့ကြတယ် လို့ ဆိုပါတယ်။





 စာပေဟောပြောပွဲမှတ်တမ်းကို စီစဉ်သူများက ထုတ်ဝေဖြန့်ချိပြီး ရန်ပုံငွေရှာဖို့ ရောင်းချလိမ့်မယ်လို့ ထင်ကြောင်း ပရိသတ်ဦးက ပြောပါတယ်။ ဓာတ်ပုံမှတ်တမ်း မျှဝေသူက ဂျစ်တူး မုံရွာ ဖြစ်ပါတယ်။

Comments

Unknown said…
အဲဒီအခွေလို ချင်ပါတ၇်ဗျာ..ဘယ်လို ၇နိုင်ပါမလဲ ဗျ
chinese girl said…
မှတ်တမ်းခွေ ကို အင်တာနက်မှာ တင်ပေးနိုင် ရင် ပိုကောင်းတာပေါ့