ကဗျာဆရာ
တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ်
မိုးမခအီးဘုတ်စာစဉ်
၂၁ အဖြစ်ထွက်ပြီ
မိုးမခ၊ စက်တင်ဘာ
၈၊ ၂၀၁၁
မြန်မာပြည်
မဆလတပါတီအာဏာရှင်လက်ထက်မှာ ကျောင်းသုံးစာအုပ်အဖြစ် ရေးသားပြင်ဆင်
ပုံနှိပိပြီးခါမှ ထုတ်ဝေဖြန့်ချိခြင်း မပြုလုပ်ဘဲ ဖျက်သိမ်းခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။
အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာဘာသာရပ်မှာ သင်ကြားဖို့ ၁၉၈၅ ခုနှစ်က
ရည်ရွယ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အာဏာရှင်တွေရဲ့
ကမောက်ကမတိုင်းပြည်အုပ်ချူပ်မှုအောက်မှာ ပျောက်ဆုံးသွားတဲ့ စာပေနဲ့ ပညာရေး
ရတနာသိုက်တခု ဖြစ်ပါတယ်။
ကွယ်လွန်သူ
ကဗျာဆရာ တင်မိုးရဲ့ ငယ်သူငယ်ချင်း စာပေမိတ်ဆွေဖြစ်တဲ့ မောင်စွမ်းရည်က
နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီး နှစ်ပေါင်း အစိတ်မှာမှ စာအုပ်အဖြစ် ပြန်လည်
ထုတ်ဝေနိုင်တာဖြစ်ပါတယ်။ သူ့အမှာစာကို
သည်မှာ ဖတ်ပါ။ ပုံနှိပ်စာအုပ် မဖြစ်နိုင်သေးပေမယ့် ပြည်တွင်း ပြည်ပ
လက်တို့ပြီး လက်ဆင့်ကမ်း ဖြန့်ချိနိုင်တဲ့ အီးဘုတ်အဖြစ် မိုးမခက
စီစဉ်နိုင်ခဲ့ပါတယ်။ လက်ဆင့်ကမ်း ဖြန့်ချိကြဖို့ တိုက်တွန်းပါတယ်။
မိုးမခရဲ့
စာနယ်ဇင်းအဖွဲ့ နာယကအဖြစ် ရပ်တည်ပြီး အားပေးစောင့်ရှောက်မှုပေးခဲ့သူ ကဗျာဆရာကြီး
ဦးတင်မိုး ကွယ်လွန်ပြီးနောက် ဆရာ့ကို ဂုဏ်ပြုအမှတ်တရ စာအုပ်ထုတ်ဝေခွင့်ရတဲ့အတွက်
ဂုဏ်ယူမိပါတယ်။ ထို့အတူ ဆရာကြီး ဦးတင်မိုးရဲ့ စာပေအနုပညာလက်ရာများအားလုံးဟာ
မိသားစုမူပိုင်ခွင့် ရှိတဲ့အတွက် ဆရာ့ရဲ့ ကျန်ရစ်သူမိသားစုများကလည်း
နားလည်မှုအပြည့်နဲ့ ရပ်တည်ပေးလို့ အခုလို ထွက်ဝေခွင့် ရရှိတာ ဖြစ်ပါတယ်။ သည်စာအုပ်က
စာပေအနုပညာနဲ့ မြန်မာစာပေဒါန လက်ဆောင်ဖြစ်ပါတယ်။ မိုးမခက
ငွေကြေးအမြတ်အစွန်းအတွက် ရည်ရွယ်ခြင်း မရှိပါဘူး။
စာအုပ်ဖြစ်မြောက်ရေးအတွက်
မိုးမခရဲ့ ကြီးတော်နွားကျောင်းသား စေတနာ့ဝန်ထမ်းများ ၀ိုင်းတော်သားများကို
ကျေးဇူးမှတ်တမ်းပြုပါတယ်။ သည်နေရာမှာ
ဒေါင်းလုပ်ရယူပါ။
SCRIBD Download From here
SCRIBD Download From here

Comments