(file - Insein Prison, internet, AP Photo)
လျှော့ရက်ရရေး အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြရာတွင်
သီးသန့်အကျဉ်းသား ၇ ဦးလည်း ပါဝင်
မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၂၉၊ ၂၀၁၁
၂၆ ရက်နေ့
နေ့လည်မှ စတင်လိုက်သည့် သီးသန့် အကျဉ်းသားများ ဟု ထောင်အခေါ်အဝေါ်ဖြင့်ခေါ်ဆိုသော
နိုင်ငံရေး အကျဉ်းသားများ လျှော့ရက် ရရှိရန် တောင်းဆို မှုတွင် ၅ ဆောင်တိုက်မှ
အောက်ပါ အကျဉ်းသား ၇ ဦးပါဝင်သည်ဟု အင်းစိန်ထောင်တွင်းမှ ရရှိသည့် သတင်းအရ သိရသည်။
အစိုးရသစ်၏
လွှတ်တော်တွင် အကျဉ်းသားများအား အကျဉ်းထောင် ဥပဒေနဲ့ အညီ လျော့ရက် ခံစားခွင့်များ
ပေးသည်ဟု ပြောဆိုလျက်ရှိသော်လည်း အမှန်တကယ် တွင်မူ သီးသန့် ဟု ခေါ်သည့် နိုင်ငံရေး
အကျဉ်းသား များ လျော့ရက်မရခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟု လည်း
အသိပေး ကြေညာထားသည်။
၅ ဆောင်တိုက်မှ
ပါဝင်သူ ၇ ဦးမှာ (၁) ကိုဉာဏ်ထွန်းလင်း
ခေါ် ဉာဏ်ကြီး (၂) ကောင်းမြတ် (၃) သော်ဇင် (၄) သက်နိုင်ဦး (၅) အောင်နိုင် (၆)
ညီညီထွန်း နှင့် (၇) ၀ဏ္ဏဋ္ဌေး တို့ဖြစ်သည်။ ယခု ဖေါ်ပြသူများမှာ ယခင် အစာငတ်ခံ
ဆန္ဒပြဖူးသူများ ဖြစ်သည်ဟုလည်း သိရသည်။
ယခုလ ၁၂
ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်သည့် နိုင်ငံရေး အကျဉ်းသား
၂၃၀ ကျော်ရှိသဖြင့် နကိုရှိသည့် ကိန်းဂဏန်း ၂၀၀၀ ၀န်းကျင် အနက်မှ ၁၆၀၀ ကျော်ကျန်ရှိနေသေးကြောင်း
လည်းသိရှိရသည်။

Comments