အင်န်အယ်ဒီရုံးချုပ်
နိုင်ငံရေးအကျဉ်းသားကြိုဆိုပွဲ မြင်ကွင်း
တာရာဝေယံ၊
အောက်တိုဘာ ၂၃၊ ၂၀၁၁
အောက်တိုဘာ ၂၂ မနက်ပိုင်းက
အင်န်အယ်ဒီရုံးချုပ်မှာ ၀ါရင့်နိုင်ငံရေးသမားကြီးများကို ဂါရ၀ပြုပွဲနဲ့
အောက်တိုဘာ ၁၂ က လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများကို
ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားကို ပူးတွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အခမ်းအနားအစီအစဉ် ၂ ရပ်
ဖြစ်တဲ့အတွက် ပထမအစီအစဉ်အဖြစ် ၀ါရင့်နိုင်ငံရေးသမားကြီးများကို တက်ရောက်ကြသူတွေက
ဂါရ၀ပြု ကန်တော့ကြတာကို တွေ့ရပါတယ်။
ဦးဝင်းတင်၊ ဦးသာဘန်း
ဦးအုန်းမောင် (ရွှေတောင်) ဦးထွေးမြင့်
သခင်လှကွန်း၊ ဦးနိုင်ငွေသိန်း
ဝါရင့်နိုင်ငံရေးသမားကြီးများထဲက
သခင်လှကွန်း၊ ဥိးသာဘန်း၊ ဦးထွေးမြင့်၊ ရွှေတောင် ဦးအုန်းမောင်၊ ဦးအုန်းမောင်
(ဘဏ်)၊ ဗိုလ်အောင်နိုင် စသည်တို့ တက်ရောက်ကြတာကို တွေ့ရပါတယ်။ ဧည့်ပရိသတ် ၁
ထောင် ကျော်တက်ရောက်ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် တက်ရောက်တဲ့
အခမ်းအနားဖြစ်တာကို တွေ့ရပါတယ်။
မကြာမီက လွတ်မြောက်လာသူ ဖြိုးဖြိုးအောင်ကို တွေ့ရစဉ်
ဒုတိယပိုင်းအဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို
ဦးတင်ဥိး၊ ဒေါ်အောင်ဆန်းစုကြည်တို့က ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားခဲ့ပြီး
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကိုဇာဂနာက အမှတ်တရ
စကားပြောကြားခဲ့ပါတယ်။
“လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
စွတ်ကယ် စွတ်ကယ်နဲ့ အလီလီခွဲပေး မနေသင့်ဘူး။ ထောင်ထဲမှာ နေရတဲ့သူတွေအဖို့
အရမ်းနစ်နာတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေ
အားလုံးကို လွှတ်ပေးဖို့ လိုအပ်တယ်”လို့ ဦးတင်ဦးက ပြောသွားပါတယ်။
ဒေါ်စုက နိုင်ငံရေးအကျဉ်းသားများအတွက်
ယုံကြည်ချက်နဲ့ လွတ်မြောက်မှုဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ယုံကြည်ချက်နဲ့
နိုင်ငံရေးဆက်လုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။
ကိုဇာဂနာကတော့
“အောင်ဆန်းကွင်းထဲမှာ မကြာမီလွတ်မြောက်လာတော့မယ့် နိုင်ငံရေးအကျဉ်းသား ၁ ထောင် ၈
ရာနဲ့ ဂုဏ်ပြုပွဲ ကျင်းပကြမယ်” လို့ပြောဆိုသွားပါတယ်။

















Comments