Suu meets 4th time with Aung Kyi

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ဦးအောင်ကြည် ၄ကြိမ်မြောက် တွေ့
ဓာတ်ပုံသတင်း၊ (ဦးသန္တာဘလောက်၊ ဒေါက်တာလွဏ်းဆွေဘလောက်)၊ အောက်တိုဘာ ၃၁၊ ၂၀၁၁

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ စတုတ္ထအကြိမ်အဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်

အဲဒီဆွေးနွေးပွဲမှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်နှင့် ငွေကြေးဆိုင်ရာကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရန်ကိစ္စ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲရဲ့ ရလဒ်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

Photos: AP, Reuters, Getty Images

နအဖ စစ်အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်

ဗိုလ်သိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရ လက်ထက်တွင် တွေ့ဆုံမှုများ

၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၎။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက် 

Comments