Burmese men in Australia married celebrities

သြစတေးလျရောက် မြန်မာများ မင်းသမီးများနဲ့ညား
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇန်န၀ါရီ ၇၊ ၂၀၁၂

သြစတေးလျရောက် မြန်မာပြည်သား ၂ ဦးသည် သရုပ်ဆောင်မင်းသမီးများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြောင်းပါခဲ့ကြသည်။

မင်းသမီးများမှာ ပန်းဖြူ နှင့် သဇင်တို့ ဖြစ်သည်။

သရုပ်ဆောင် ပန်းဖြူသည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေချနေထိုင်သော ကိုလူမင်းနှင့်လည်းကောင်း၊ သရုပ်ဆောင် အဆိုတော် သဇင်သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နေထိုင်သူ ကိုသက်နိုင်အောင်ဇေယျနှင့်လည်းကောင်း၊ ရန်ကုန်တွင် လက်ထပ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်ထုတ် ဂျာနယ်များတွင် ရေးထားသည်။

ပန်းဖြူက ယခုလ ၁ ရက်နေ့တွင် စေ့စပ်ပြီး ၂ ရက်နေ့တွင် မင်္ဂလာဦးဆွမ်းကျွေး အစီအစဉ် ပြုလုပ်ခဲ့သည်ဟု 7Day သတင်းဂျာနယ်ကို ကိုးကားပြီး planet အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သဇင်က ၁ ရက်နေ့တွင် မင်္ဂလာ လက်မှတ် ထိုးခဲ့သည်ဟု Eleven မီဒီယာအုပ်စု ၀က်ဆိုက်တွင် ရေးထားသည်။ သဇင်၏ မင်္ဂလာဧည့်ခံပွဲကို ရှေ့လ ၁၂ ရက်နေ့တွင် ကျင်းပမည်ဟု ဆိုသည်။



သဇင် ဓာတ်ပုံ Eleven မီဒီယာ

ပန်းဖြူဓာတ်ပုံများ - ပန်းဖြူ Facebook Fan Page








Comments

Anonymous said…
တကယ်ချစ်လို့ရောဟုတ်လို့လား ............ အော်စီမှာနေချင်လို့လား မသိဘူး၊ မှားမယ်နော် ယူတဲ့ကိုကိုတွေရေ့
Anonymous said…
တကယ်ချစ်လို့ရော ဟုတ်လို့လား?????????? အော်စီမှာနေချင်လို့များလားမသိဘူးနော် သူတို့ကိုယူတဲ့ ကိုကိုတွေသေချာစဉ်းစားနော်................
Anonymous said…
မိုးမခ သတင်းထောက်မင်းတောင် မိန်းမအယူစောလို့ နို့မို့ သက်မွန်မြင့်နဲ့ ရသေး... ခွိခွိ..။ မင်းသမီးတလက်ဆို New York က Pimp တကောင်နဲ့တောင်ယူသေး မို့လား..။ ဗမာပြည်မှာ ဒါတွေခေတ်စားသလေ..။
Anonymous said…
စိုးမြတ်သူဇာလို နေမှာပါ။အမေရိကက မျိုးမင်းကို တကယ်ချစ်လို့ ယူတာမဟုတ်ဘဲ..အမေရိကမှာ နေချင်လို့..သူမနဲ့မောင်နှမတွေ တရားဝင်နေထိုင်ခွင့်ရချင်လို့ မျိုးမင်းကို ဟန်ဆောင် ယူခဲ့တာပါ။မျိုးမင်းလိုပဲ ယူပြီးမှ မှားမှန်းသိမယ့် အော်စီကသူတွေ..တတိယနိုင်ငံက သူတွေ မျိုးမင်းလို အိမ်ထောင်ကွဲ ဘ၀နဲ့ အသည်းမကွဲခင် သေချာစဉ်းစားကြပေါ့...
(အတွင်းသိ)
burmablood said…
why you so jealous?
Anonymous said…
တကယ်ချစ်လို့ရောဟုတ်လို့လား ............ အော်စီမှာနေချင်လို့လား မသိဘူး၊ မှားမယ်နော် ယူတဲ့ကိုကိုတွေရေ့
Anonymous said…
တရားဝင်နေထိုင်ခွင့်ရချင်လို့ မျိုးမင်းကို ဟန်ဆောင် ယူခဲ့တာပါ။မျိုးမင်းလိုပဲ ယူပြီးမှ မှားမှန်းသိ
ice said…
ice
no need to jealous because they are all myanmar.for what jealous right?