Final Event with SUU at LA Burmese


 အယ်လ်အေမြန်မာလူထုနှင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မပြန်မီ တွေ့ဆုံပွဲ အောက်တိုဘာ ၂
မိုးမခအထောက်တော် ၀၀၂၊ စက်တင်ဘာ ၃၀၊ ၂၀၁၂
အယ်လ်အေပွဲအတွက် လက်ခံရရှိသော ဖိတ်စာအရ အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်သော ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့မပြန်မီ နှုတ်ဆက်တွေ့ဆုံပွဲ ဖြစ်သည့်အတွက် အားလုံး တက်ရောက်နိုင်ရန် လက်မှတ်များနှင့်သာမက လက်မှတ် မထုတ်ရသေးသူများအပါအ၀င် အခက်အခဲမရှိစေရအောင် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ထိုင်ခုံများကို ဦးရာလူ စနစ်ဖြင့် နေရာချပေးမည်ဖြစ်ကြောင်း ဖိတ်ခေါ် ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ဖိတ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ (Los Angeles)
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို Los Angeles မြို့တွေ အောက်တိုဘာ ၂ရက် ၂၀၁၂ ခုတွင် Los Angeles Convention Center တွင် ကျင်းပမည် ဖြစ်ပါသည်။ ထိုတွေ့ဆုံပွဲသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ပရောက် မြန်မာမိသားစုများအတွက် အခုတခေါက် အမေရိကန်ခရီးစဉ်အတွင်း နောက်ဆုံး နှုတ်ဆက်ပွဲလည်း ဖြစ်ပါသောကြောင့် ရပ်ဝေးရပ်နီးမှ လာရောက်ကြသော မြန်မာမိသားစုများ အဆင်ပြေစွာ တက်ရောက်နားထောင်နိုင်ရန် လက်မှတ် မထုတ်ရသေးသူများအား အခက်အခဲမရှိ ၀င်ခွင့်ရရန် စီစဉ်ပေးမည် ဟု သိရပါသည်။ ထိုင်ခုံများကို ဦးရာလူစနစ်ဖြင့် နေရာချထားပေးမည် ဖြစ်ပါသဖြင့် စောစီးစွာ ကြွရောက်ကြပါရန် မေတ္တာရပ်ခံထားကြောင်းလည်း သိရသည်။
Date :  October 2, 2012  (Tuesday)
Time :  2:00 PM to 3:30 PM
Venue:  Los Angeles Convention Center :   South Hall G
            2101 South Figueroa Street .  Los Angeles. CA 90015  (213) 714-1151
    • Gate opens at 12:00 noon
    • The hall entrance opens at 12:30 PM
    • The hall entrance will be shut exactly at 1:45 PM
    • Special Request: Please enter the hall latest at 1:30 PM

Comments