သက်သေစုံပေမယ့် အရေယူမခံရပါ (မိုးမခပေးစာ)
ဟသာၤတာသား
အောက်တိုဘာ ၂၅၊ ၂၀၁၂
ဟသာၤတာသား
အောက်တိုဘာ ၂၅၊ ၂၀၁၂
အောက်တိုဘာ ၂၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရွှေဂူရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းမကြီးပေါ်မှာရှိတဲ့ Century လ္ဘက်ရည်ဆိုင်မှာ မြို့ပေါ်အသိုင်း အ၀ိုင်း ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ချဲဒိုင်ချုပ်များပါဝင်တဲ့ ဖဲဝိုင်းတ၀ိုင်းကိုဖမ်းမိပါတယ်။
ပါဝင်တဲ့သူတွေက ရွှေဂူရပ်ကွက်နေ ဦးကျော်ဝင်း၊ ဦးဝိစာရလမ်းနေ ကိုမြင့်ဆွေ၊ ထွန်းထွန်း၊ သန်းဦးတို့အပါအ၀င် တရားခံ (၁၁) ဦးကို သက်သေခံပစ္စည်းများ၊ ငွေများနှင့်အတူ ဖမ်းဆီရမိခြင်းဖြစ်ပါတယ်။ ယခုလို လောင်းကစားလုပ်ငန်းတွေကို ဖမ်းဆီးတာကောင်းပေမယ့်လည်း အရေးမယူပဲ ပြန်လွှတ်နေသည်ကတော့ ဥပဒေနှင့်မညီညွှတ်ပါ။
ထို့ပြင် ယခင်က လယ်တီကွင်း မြို့ပတ်လမ်း ဆန်ဂိုထောင်တွင် ဖမ်းဆီးမိသည့် ဖဲဝိုင်းဆိုလျှင်လည်း အရေးယူဖို့ မဆိုထားနှင့် မည်သည့်ထိ ရောက်သည့် အရေးယူမှုကိုမျှ မတွေ့ရသေးပါ။ ယခုဖမ်းဆီးမိသည့်ဖဲဝိုင်းတွင်လည်း ရဲတွေလက်သိပ်ထိုး လိုင်းကြေးယူနေသည့် ချဲဒိုင်ချုပ် ကြီးတဦးပါနေသည့်အပြင် အဆိုပါသူမှာ နေပြည်တော်ရဲချုပ်ထိပိုင်သည်ဟုလည်း သိရပါတယ်။ ထို့ကြောင့် ယခုအမှုသည်လည်း ယခင် ရှေ့ကအမှုများကဲ့သို့ပင် မည်သည့်အရေးယူမှုမျှမရှိပဲ တဖြည်းဖြည်းပပျောက်သွားဦးမယ်ဆိုတာ မြေကြီးလက်ခတ်မလွှဲပါ။ ထို့ကြောင့် ယခုဖြစ်စဉ်များအား အောက်ခြေတရားဥပဒေစိုးမိုးမှုအခြေအနေကို သမတကြီးနှင့် တာဝန်ရှိလူကြီးများ သိစေရန် တင်ပြအပ်ပါတယ်။

Comments