Sandy Hurricane to hit US east coast

ဆန်ဒီမုန်တိုင်း အမေရိကန်အရှေ့ကမ်းခြေကို အင်အားပြင်းစွာ ၀င်ရောက်ပြီ
မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၂၉၊ ၂၀၁၂
          ယနေ့ညနေမှာ နယူးယောက်ပြည်နယ်၊ ဖလော်ရီဒါပြည်နယ်နှင့် အရှေ့ဖက်ကမ်းက ပြည်နယ်များကို ဆန်ဒီမုန်တိုင်းဟာ တနာရီ မိုင် ၁၀၀ ကျော်နဲ့ ၀င်ရောက်တိုက်ခိုက်မှာဖြစ်တယ်ဆိုသော်လည်း ယမန့်နေ့ညနေကတည်းက မိုးနဲ့ လေပြင်းထန်စွာ ၀င်ရောက်နေပြီဖြစ်ပါတယ်။ အဲသည်အတွက် အရှေ့ကမ်းခြေတောက်လျောက်ပြည်နယ်များကို အစိုးရနဲ့ ပြည်နယ်အသီးသီးက အရေးပေါ် တပ်လှန့်ထားပါတယ်။ နယူးယောက် မင်ဟက်တန်မြို့ထဲ ကမ်းနားက တိုက်ခန်းတွေက မိသားစုတွေကိုတော့ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ခိုင်းထားတယ်လို့ ဆိုပါတယ်။ 

Comments