ဒုတိယမ္ပိ မြတ်စွာဘုရားရှင်အား စောင့်ရှောက်ကူညီခြင်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၄၊ ၂၀၁၂
မုံရွာမြို့နယ်၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုကြောင့်
မီးလောင်ဒဏ်ရာ များရရှိခဲ့သော သံဃာတော်အပေါင်းနှင့် ပြည်သူတို့အား
ဆေးဝါးကုသရန်အတွက် ဒုတိယအကြိမ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ
အလှူငွေကျပ် ၉၅၅ဝဝဝဝိ/- (ကိုးဆယ့်ငါးသိန်းငါးသောင်း) ကျပ်တိတိ အား
မန္တလေးမြို့သို့ (၁၁.၁၂.၂ဝ၁၂) ရက်နေ့၌ ပို့ဆောင်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၏ ညီမဝမ်းကွဲဖြစ်သူ လူမှုရေး လုပ်ငန်းများအား ကြိုးစားပေးဆပ်နေသော မန္တလေးမြို့နေ မသင်းနွဲ့နွဲ့ဖေထံသို့ ၁၁.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဘဏ်ငွေလွှဲစနစ်ဖြင့် ပို့ဆောင်ခဲ့ရာ မန္တလေးမြို့ရှိ မသင်းနွဲ့နွဲ့ဖေ သည် မန္တလေးမြို့ရှိဆေးရုံများဖြစ်သော မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံကြီးများသို့ သွား ရောက်ကာ လက်ပံတောင်းတောင် ထိခိုက်ဒါဏ်ရာရရှိသူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီ (မန္တလေး)သို့ သွားရောက်အကြောင်းကြားခဲ့ကာ ရေတော်ဘုရားကြီးတိုက်ဆရာတော် ဥူးဝိသုတနှင့် ဘဝ အလင်းဆရာတော် ဥူးဥတ္တမ တို့နှင့်အတူ ဆေးရုံများတွင် တက်ရောက်ကုသနေကြသော ဒဏ်ရာအလွန် ပြင်းထန်သော သံဃာတော် (၅) ပါး၊ ဒဏ်ရာပြင်းထန်သော သံဃာတော် (၁ဝ) ပါး၊ ဒါဏ်ရာရရှိခဲ့သော သံဃာတော် (၅) ပါး၊ လူ (၄) ယောက်၊ ဒဏ်ရာသက်သာလာသော သံဃာတော် (၁၇) ပါးတို့အား ဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းမှုကို ပြုလုပ်ပေးခဲ့ပါသည်။ ထိုသို့ လှူဒါန်းကူညီမှုပြုရာတွင် ဒဏ်ရာအလွန် ပြင်းထန်သော သံဃာတော်များအား တစ်ပါးလျှင် (၁ဝ) သိန်းကျပ်စီ၊ ဒဏ်ရာပြင်းထန်သော သံဃာတော် (၁ဝ) ပါးတို့အား တစ်ပါးလျှင် အလှူငွေ(၃)သိန်းကျပ်စီနှင့် ဒါဏ်ရာအခြေအနေပေါ်မှုတည်ကာ (၁) သိန်း၊ (၅) သောင်း စသဖြင့် ကုသစရိတ်များအား အချိုးကျ လှူဒါန်းကူညီမှုကို ပြုလုပ်ခဲ့ရာ စုစုပေါင်းအလှူငွေ ၉၅၅ဝဝဝဝိ/- (ကိုးဆယ့်ငါးသိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းနိုင်ခဲ့ပါသည်။

Comments