မိုးလင်းတော့မယ့် ညတည
မောင်မောင်လတ် (ရွှေအင်းလေး စာပေ)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
ညတည ခေတ်တခေတ်ရယ်လို့သတ်မှတ်လို့ရမယ်ဆိုရင်တော့ ... .... ဒီညတည... အမှောင်မိုက်ဆုံး ညတည ...၊ စိုးရီမ်ထိတ်လန့်ခဲ့ရ တဲ့ည. ...၊ ဆာလောင်ငတ်မွှတ်ခဲ့ရတဲ့ည.....၊ ပူဆွေး ဝမ်းနည်းခဲ့ရတဲ့ ည..... ၊ အမိုးအကာမဲ့ အမှောင်ထုထဲ ကျီးလန့်စာ စားခဲ့ရတဲ့ည....၊ အတွင်းစိတ်ကော ကိုယ်ပါ နာကျင်မှုတွေ တငွေ့ ငွေ့  တောက်လောင်နေခဲ့ရတဲ့ ည.....၊ နိုင်ထက်စီးနင်း ခြိမ်းခြောက်မှုတွေ အသံတိတ် ငိုကြွေးခဲ့ရတဲ့ ည....၊ ကြယ်တွေ မစုံခဲ့ရတဲ့ ညပေါင်းများစွာ...၊ လမိုက်ခဲ့ရတဲ့ ညပေါင်းများစွာ...ဖြတ်ကျော်ပြီးသကာလ........၊၊
ဒီတညအကုန်............၊
ပေါ်ထွက်လာတဲ့အလင်းရောင်ဟာ ရောင်နီဦး စိတ်ကူးယဉ်စရာ လှပတဲ့အလင်းရောင်မဟုတ်......၊ မျှော်လင့်ချက် တပုံတပင်နဲ့ ထွက်ပေါ် လာသော ဖြိုးဖြိုးဖျက်ဖျက် အလင်းရောင်မဟုတ်..........၊ အားမာန်အသစ် အားအင်အသစ် ဖြည့်ဆည်းပေးမယ့် တောက်ပတဲ့ အလင်းရောင် မဟုတ်....၊ ---- ရန်/ ငါ စည်း ပြတ်ပြတ်သားသား မျက်ဝါးထင်ထင် ပြသပေးတဲ့ စလိုက်မီး အလင်းရောင်......၊ ---- အားလုံးကို ချုပ်ကိုင်စိုးမိုး ထားသူတို့ရဲ့ မျက်နှာကို ရှင်းရှင်းမြင်ရအောင် မီးမောင်းထိုးပေးနေတဲ့အလင်းရောင်...၊ ---- ရှေ့ အတားအဆီးတွေ ဘယ်လိုဖြတ် ကျော်နိုင် တဲ့လမ်း ... မြင်သာအောင် ထွန်းလင်းပေးတဲ့ မီးကျည် အလင်းရောင်..၊၊
မြေကြီး လက်ခတ်လွဲမလွဲ ..ငြင်းခုန် အခြေအတင်ဖြစ်နေစရာမလို...ထင်ကြေး ..ခန့်မှန်းတွက်ဆရန်မလိုတော့....၊ ဒီနေ့အတွက် ဒီနေ့ တနေ့ ဘဝအတွက် သန်း ၆၀ သော လူသားအားလုံးအတွက် အဆုံးအဖြတ်နေ့ပါ....၊၊
ရှေ့ က အရပ်သားအယောင်ဆောင် စစ်အာဏာရှင်တစု....ထင်ထင်ရှားရှား ပြတ်ပြတ်သားသား.......၊ ထုနဲ့ ထည်နဲ့ အသင့်လည်း ပြင်ထား ...အကွက်လဲဆင်ထား ..အားလဲယူထားပြီးပါပြီ.....၊ မတရားခိုးဝှက် အေးဓါးပြတိုက်ယူ သိုဝှက်စုဆောင်းထားသော ငွေကြေး ကျောက် မျက်ရတနာတွေအတွက်.... စစ်အာဏာရှင်အပေါင်းအပါတွေရဲ့ သားစဉ်မြေးဆက်ကောင်းစား လုံခြုံရေးအတွက်.... ဥပဒေနောက် ကြောင်း ပြန် အရေးယူ ဖမ်းဆီးမှု့  အရိပ်မဲအောက် လွတ်ကင်း ရှင်သန်နိုင်ရေးအတွက်.... မီးစတဖက်၊ ရေမှုတ်တဖက် မကိုင်နိုင်တော့.....၊ မီးစပေါင်း များစွာ ကိုင်ဆောင်ထားပြီး ဟန်ဆောင်ပန်ဆောင် ခဏတာ အများအမြင်လှအောင်.. ကိုင်ဆောင်ပြသော ရေမှုတ်ခွက်ကို လွင့်ပစ် လိုက် မှတော့ အပြုအမူအတွက် မေးခွန်းထုတ်ရန် မလိုတော့...၊ တွေ့ ဆုံဆွေးနွေးဖို့ကား....ကမ်းမမြင် လမ်းမမြင် .......၊၊
ခေတ်ကာလ ရွှေ့လျားပြောင်းလဲလာသည်နှင့် အညီ...စကားအသုံးအနှုန်းတွေလဲ လိုက်ပြောင်းလဲလာခဲ့...၊ ဘာသာရေးပဋိပက္ခအစား...အမျိုးသားရေးမှိုင်း............ သမရိုးကျ နိုင်ငံတော်အစိုးရနှင့် အတိုက်အခံအကြား........ ထူးထူးခြားခြား သိပ်သိပ်သည်းသည်း ပေါ်ထွက် လာသည်ကား....တတိယအင်အားစု....၊၊
နိုင်ငံရေးသဘောတရားနယ်ပယ်ကလား ?ဥပဒေ သဘောတ၇ားနယ်ပယ်ကလား ? ရေရေရာရာ မမှတ်မိ၊ ရောထွေးသိမှတ်ခဲ့သော အ ဆိုပါ တတိယအင်အားစုကြီးက.. တည်နေရာမရှိ၊ အကောင်အထည် ဒြပ်ထုပျောက်၊ ရည်မှန်းချက် သိုသိပ်လျှိုဝှက်၊ လုပ်ရပ် မင်းမဲ့စရိုက် ...၊ မသမာသူ အဆင့်မြင့် ကိုယ်ဖျောက်သိုင်းသမားနှယ်......၊၊
အမျိုးသားရေးမှိုင်းအဖြစ် ဖုံးအုပ်ထားသော ဘာသာရေးပဋိပက္ခတွေမှာ ဝင်ရိုက်လိုက်.....၊ သံသယအရေခြုံအောက်မှာ မီးရှို့လိုက် စစ်အာ ဏာရှင်ရင်ခွင်ပိုက် ခရိုနီတွေ အဓမ္မ သိမ်းပိုက်ထားတဲ့လယ်မြေပေါ် အင်အားပြလိုက်.....၊ ဒီမိုအင်အားစုနဲ့ ပြည်သူအကြား .. သံဃာတွေ အကြား..သပ်လှို ရန်တိုက်လိုက်...။ တဖြေးဖြေး အင်အားကောင်းလာ..ပိုပိုအတင့်ရဲလာ.. ပိုပိုတိုက်ကွက်တွေဖော်လာပြန်တော့....ပြည်သူတရပ်လုံး ပြတ်ပြတ်သားသား တွန်းလှန်ချေမှုန်းပြီး ...အဖြူ အမဲ အဖြေတခု သဲသဲကွဲကွဲရအောင် လုပ်ဆောင်ရမည်သာ... နောက်ဆုံး အဖြေအတွက် အဖြူနှင့် အမဲ ...တခုတည်းသာ......၊၊
စားပွဲခုံအောက်က ငွေကြေး လက်ဆောင်ပမာဏတို့နှင့် ချုပ်ဆို လိုက်လျောလိုက်သော တဖက်သတ် မြစ်ဆုံစီမံကိန်း၊ မညီမျှ တဖက်စောင်း ကြားက အစကနဦး ကြေးနီတန် ၃၀၀ အစပျောက်ခဲ့ရသော လက်ပံတောင်း စီမံကိန်း၊ ကာလပေါက်ဈေး တဝက်လျှော့ဈေးနှုန်းနှင့် နိုင်ထက်စီးနင်းချုပ်ဆိုခံရသော ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ အစစရှိတာတွေကို တတိယအင်အားစုက ဘာသာရေးမှိုင်းအသွင်ဖြင့် ... အောင်မြင်စွာထိမ်းချုပ်နိုင်ပြီးသကာလ...... ယနေ့ပြည်သူဘဝအတွက် အသက်ထက်မက အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကိုလဲ.. ဖုံးကွယ်ပပျောက် ရှုံးနိမ့်အောင်..ဒီထက်မက အရှိန်မြင့်လုပ်ဆောင်ရန် ဝန်မလေးတော့.....၊၊
ပီးခဲ့တဲ့အတွေ့ အကြုံဟောင်းတွေ အခြေခံပြီး ယ္ခင်ထက် ပိုမိုဆိုးဝါးသောလုပ်ရပ်တွေနှင့် အကွက်ဆင်ပြီးချိန်.. အကောင်းဆုံးကို မျှော်မှန်း ပြီး အလုပ်လုပ်ရတော့မည့် အချိန်အခါမဟုတ်တော့......၊ အဆုံးအဖြတ်တိုက်ပွဲအတွက် ဗေဒင်ကိန်းဂဏာန်းတွေနှင့် စိစစ်ရန် မလိုအပ် တော့....၊ လမ်းလွှဲ လမ်းပြောင်းရန်အတွက် ယတြာချေရန်လဲ အခြေအနေမပေးနိုင်တော့....၊ ရွှေပြည်အေးတရားနှင့်လည်း ဖြောင်းဖျနားချ ရန်လဲ မဖြစ်နိုင်တော့.....၊
အဆိုးဆုံးအတွက် ၂၀၁၄ အဆုံးအဖြတ်တိုက်ပွဲအတွက်.... ပြည်သူတရပ်လုံး လူကော စိတ်ဓါတ်ပါ ကျစ်ကျစ်လစ်လစ် လက်တွဲ......၊ သေ ရင် မြေကြီး .. ရှင်ရင် ရွှေထီး စိတ်ဓာတ်ဖြင့် စစ်အာဏာရှင် စံနစ်ဆိုးကို တွန်းလှန် ချေဖျက် တိုက်ပွဲဝင်ရမည်မှတပါး..........၊၊
အကောင်းဆုံး အချိန်အခါ အတွက် ယခုလို အဆိုးဆုံးအခြေအနေတွေကို တွန်းလှန်ချေမှုန်းနိုင်မှသာ..နိုင်ငံတကာ စံချိန် စံနှုန်းနှင့်အညီ.. ပြည်သူတရပ်လုံး ၊ တိုင်းရင်းသားပေါင်းစုံ လက်ရေတပြင်တည်း ဆွေးနွေးအဖြေရှာပြီး ရာသက်ပန် ဥမကွဲ သိုက်မပျက် အေးချမ်းစွာနေနိုင် မယ့်အခြေအနေ ဖန်တီးနိုင်မှာ မလွဲဧကန်....၊၊
သို့ဖြင့် တဖက်မျက်နှာချင်းဆိုင်က အပေါ်စီးနေရာယူထားသော... အရပ်သားအယောင်ဆောင် စစ်အာဏာရှင်တစုနဲ့ လက်ပါးစေ တတိယ အင်အားစုအပေါ် ပြည်သူတရပ်လုံး တချိန်ထဲ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲ ဝင်ကြပါစို့ ....
တနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက်... ပြည်သူတရပ်လုံး လမ်းပေါ်ထွက်ကြ... အထွေထွေသပိတ် ဆင်နွဲကြ.....
သန်း ၆၀ သော ပြည်သူတွေရဲ့  နောင်လာမယ့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်အတွက်.. ရရင်ရ မရရင်ချ .......၊၊
