မောင်စိုးချိန် - မြစ်ကမ်းပေါ်က လူနှစ်ယောက်

မြစ်ကမ်းပေါ်က လူနှစ်ယောက်
မောင်စိုးချိန်
မတ်လ ၁၄၊ ၂၀၁၄



(က)
နှစ်ဆယ့်ငါးနှစ်
မိစ္ဆာမြစ်ထဲ။

ကမ်းနဖူးများ
မျောပါသွားဆဲ။

ယုံကြည်ချက် ကျောက်တိုင်
မစိုက်ထူနိုင်ဘူး။

မိစ္ဆာကို ဦးခိုက်
အလိုက်သင့် မောင်ဘဦး။

ဟိုစဉ်က ရည်မှတ်
လွတ်လပ်ရေး ပန်းတိုင်ဆီ။
ဟိုမှာ ဘက်ကမ်း
အရောက်လှမ်းဖို့  ဦးတည်။

မိစ္ဆာမြစ်က 
ဖြိုဖျက်ပြီးတဲ့နောက်မှာ
အလိုက်သင့် သစ္စာဖောက်များ
မြစ်အလျှားလိုက် မျောပါခဲ့ရရှာ။
         
(ခ)
ယုံကြည်ချက်
သံမှိုနှက်ထားခဲ့သူ။

ဖိနှိပ် မတရားမှု
အံတု တော်လှန်သူ။
မိစ္ဆာမြစ်ရိုင်း
ဒီလှိုင်းထန်စေတော့။

လွတ်လပ် သောင်ကမ်းဆီ
ဦးတည် ဖြတ်ရမည်ပေါ့။

မောင်စိုးချိန်
ဇန်နဝါရီ ၂၆ ၊ ၂၀၁၄