စာရေးဆရာပြဇာတ်တို့၏ ရွှေခေတ်
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄
The Golden Age of Writers’ Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုတ်မှ The Golden Age of Writers’ Theatre ကိုကိုယ်တိုင်ဘာသာပြန်ထားပါသည်။
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄
The Golden Age of Writers’ Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုတ်မှ The Golden Age of Writers’ Theatre ကိုကိုယ်တိုင်ဘာသာပြန်ထားပါသည်။
![]() |
| (၁၉၅၀? လောက်က ကပြခဲ့ကြသော ဒိုင်းခင်ခင်ပြဇာတ်အတွက် အစမ်း ရီဟာဇယ် လေ့ကျင့်နေကြစဉ်။ (၀ဲမှယာ) (ဦး) သုခ၊ ဦးခင်မောင်လတ်၊ (ဒေါ်) ခင်မျိုးချစ်နှင့် (ဒေါ်) မလှသန်း။) |
“စာရေးဆရာပြဇာတ်“ မြန်မာပြည်မှာ မြန်မာပြည်က စာရေးဆရာတွေ တီထွင်လိုက်တာ ဖြစ်ပါသည်။ သူတို့က ရုပ်ရှင်မင်းသား မင်းသမီးတွေတော့ မဟုတ်ကြပါဘူး။ သို့သော် သူတို့က တကယ့်သရုပ်ဆောင်တွေလိုပဲ သရုပ်ဆောင်ကပြ ကြပါသည်။ စာရေးဆရာ များ၏ပြဇာတ် ပေါ်လာတာ မြန်မာပြည်မှာ ဂျပန်တွေခေတ် ကနေစလာလိုက်တာ ၁၉၅---? အထိကဟုပဲ ခန့်မှန်းပါသည်။ ကျွန်မတို့၏ အဘိုးအဘွားများက စာရေးဆရာများဆိုတော့ အဲသည်ပြဇာတ်ထဲ ပါဝင်ကြတာ အသေအချာပေါ့။
● စာရေးဆရာပြဇာတ် ဘယ်လိုစဖြစ်ပေါ်?
အဲသည်အချိန်အခါတုန်းက မြန်မာစာရေးဆရာများ အဖွဲ့ကနေ ရန်ပုံငွေ အတွက် ပြဇာတ်တစ်ပုဒ်ကဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင် တွေဟာ ဦးပုည၏နံမယ်ကြီး ပြဇာတ်များအပါအ၀င် မြန်မာပြဇာတ်များစွာကို ရွေးချယ် ကပြကြဖို့ စဉ်းစားခဲ့ကြပါသည်။ (ဦးပုညဆိုတာ မြန်မာ့နံမယ်ကျော် စာရေးဆရာ ကဗျာဆရာကြီးဖြစ်သည်။ ကဗျာတွေလည်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူကသမိုင်းဝင် နံမယ်ကျော် စာကြီးပေသားများကို ရေးသားခဲ့သူဖြစ်ပါသည်။ သူရေးသားသော ကဗျာစာကြောင်းများမှာ ရှည်လျားပြီးခက်ခဲလှ၏။ ဘယ်လိုရုပ်ရှင်မင်းသားမင်းသမီးတွေ မှပင် သူ့စာကြောင်းကြီးများကို သံနေသံထား မှန်မှန်ဖြင့် အလွတ်မရွတ်နိုင်ကြပါ။ အင်း….. စာရေးဆရာများကလွဲ လို့ပေါ့။ သည်ထဲမှာ ရုပ်ရှင်သရုပ်ဆောင်လဲ ဟုတ်နေသည့် စာရေးဆရာကြီး ဦးသုခ လို နံမယ်ကျော် စာရေးဆရာ အဆိုတော်ကြီး အတွက် ချွင်းချက်ထားရပေတော့မည် ဖြစ်ပါသည်။)
● စာရေးဆရာပြဇာတ်အတွက် ပြဇာတ်များ
စာရေးဆရာပြဇာတ်ထဲတွင် စာရေးဆရာများက မင်းသား မင်းသမီးများ ဖြစ်လာသည်။ သူတို့ကပြခဲ့သည့် ပြဇာတ်များမှာ ဒိုင်းခင်ခင် (သီပေါမင်း၏ ကြင်ယာတော် အကြောင်းရေးထားသည့် ဇာတ်လမ်း) ပြဇာတ်၊ ၀ိဇယ (မင်းသားအမည်)၊ နတ်သျှင်နောင် (မြန်မာစစ် သည်နှင့်ကဗျာဆရာ အကြောင်းဇာတ်လမ်း) ပြဇာတ်၊ မြ၀တီမင်းကြီးဦးစ (မြန်မာစစ်သည်တော် ပညာတတ် ကဗျာဆရာ အကြောင်း) ပြဇာတ်၊ စသည်စသည်ဖြင့်တို့သည် စာရေးဆရာ ပြဇာတ်များဖြစ်လာကြပါသည်။
![]() |
| (ပုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုရင်အဖြစ်၊ (ဒေါ်)ခင်မျိုးချစ်က ဘုရင်မကြီးအဖြစ် သရုပ်ဆောင်နေကြပုံ။) |
● ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်တွေ သရုပ်ဆောင်ကြသလဲ?
(ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုရင်လုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိုးချစ်က အမြဲတမ်း ဘုရင်မကြီး လုပ်လေ့ရှိကြပါသည်။ ရွှေညာမောင် (စာရေးဆရာ) က အဓိကသရုပ်ဆောင် လုပ်လေ့ ရှိပါသည်။ မေနွဲ့(သူက စာရေးဆရာမ အရင်ဖြစ်တာဖြစ်ပါတယ်။ နောက်မှ စာရေးဆရာပြဇာတ်ကနေ မင်းသမီးတကယ် ဖြစ်သွားတာပါ။) က အဓိကမင်းသမီး လုပ်ပါသည်။ ဗိုလ်ဗကို (စာရေးဆရာ) ကဒိုင်းခင်ခင် ပြဇာတ်တွင် သီပေါမင်းသား လုပ်ပါသည်။ (ဒေါ်) မလှသန်း (စာရေးဆရာ) က ဒိုင်းခင်ခင် လုပ်ပါသည်။ ဦးချင်းစိန် (စာရေးဆရာ) က နတ်ရှင်နောင် လဲလုပ်ကာ မြ၀တီမင်းကြီးဦးစ လဲလုပ်ပါသည်။ (ဦး) သုခ (စာရေးဆရာ) က ၀ိဇယမင်းသား အဖြစ်လည်းကောင်း၊ မောင် ဖေငယ်အဖြစ်လည်းကောင်း သရုပ်ဆောင်ပါသည်။ သူသရုပ်ဆောင်တဲ့ ၀ိဇယ ဇာတ်ကောင်သည် ဦးသုခအား ဒရာမာ ဇာတ်ကောင်အဖြစ် တွန်းပို့ခဲ့ပါတော့သည်။ ဂျပန်ခေတ်တစ်ခေတ်လုံးမှာ (ဦး)သုခသည် သီချင်းပြဇာတ်များစွာ ထုတ်လုပ်ခဲ့ပါသည်။ ဇ၀န (စာရေးဆရာ)သည် ပြဇာတ်တွေမှာ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ပါသည်။ မေနွဲ့သည် စုဖရားလတ် (သီပေါမင်း၏ အလွန်သ၀န်တိုသော ဇနီးသည် လည်းဟုတ် ဘုရင်မကြီးလဲဟုတ်) အဖြစ်လည်းကောင်း၊ (ဒေါ်) ကြည်မာ(စာရေးဆရာမ) သည် စုဖရားလေး (စုဖရားလတ်၏ ညီမတော်) အဖြစ်လည်းကောင်း သရုပ်ဆောင်ကြကာ ကျွန်မအဘိုးနှင့်အဘွားသည် ဒိုင်းခင်ခင်၏ မိဘများအဖြစ် အမြဲသရုပ်ဆောင်ကြပါလေသည်။
![]() |
| (ကျွန်မအဘွား (ဒေါ်) ခင်မျိုးချစ်အား စာရေးဆရာပြဇာတ်တစ်ခုတွင် မိဖုရားအဖြစ် တွေ့ရပုံ) |
● စာရေးဆရာပြဇာတ်တွေ ဘယ်ရုံမှာပြကြသလဲ?
စာရေးဆရာပြဇာတ်တွေသည် မြန်မာပြည်တွင် အလွန်ပရိသတ်စိတ်ဝင်စားကြသော ပြဇာတ်တွေ ဖြစ်ခဲ့ပါသည်။ ၀ဇီ၇ာ ရုပ်ရှင်ရုံ မှာ ကပြခဲ့ကြသည်။ သူတို့၏ စာဖတ်ပရိသတ်များကလည်း သူတို့အသည်းစွဲ စာရေးဆရာများ ၏သရုပ်ဆောင်မူများကို တွေ့မြင်ရမှာမို့ အလွန်နှစ်သက်ကြကာ ဦးပုည၏ ကြီးကျယ်ခန်းနားသော ဂန္ဓ၀င်မြောက်စာသားများကို နားနှင့် ဆတ်ဆတ်ကြားလိုလှလေသည်။ မြန်မာလူမျိုးတွေဆိုတာ ဂီတာတို့ အကတို့ သီချင်းတို့နှစ်သက်သူများ မဟုတ်ပါလော။
![]() | |
| (မေမေကြီး (ဒေါ်) ခင်မျိုးချစ်ကို စာရေးဆရာပြဇာတ် ဒိုင်းခင်ခင်ပြဇာတ်တွင်း တကယ်သရုပ်ဆောင်ဖို့ ရိုက်ထားပုံ။) |
ဝမ်းနည်းစရာကောင်းတာကတော့ ရှားပါးဓါတ်ပုံများကလွဲပြီး ဘာမှတ်တမ်းမှ မကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုခေတ်လို ဒစ်၈ျစ်တယ် ဟမ်းဖုန်းခေတ် သာဆိုပါရင် ထိုမှတ်တမ်းမှတ်ရာများသည် ယနေ့ခေတ်အတွက်တော့ ဂန္ဓ၀င်မြောက် စာရေးဆရာပြဇာတ် ရွှေခေတ်တစ် ခေတ်ကို လှစ်ဟပြသ လျက်ရှိနေတော့မည်မှာ သေချာပါသည်။



