မင်းညွှန့်လှိုင် - တနင်္ဂနွေ


 မင်းညွှန့်လှိုင် - တနင်္ဂနွေ
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၅

အမည်နာမသက်သက်
ထွက်လာလေပေါ့ ...။

ပူနေ ကျနေနဲ့
ခုန်အုပ်လေပေါ့ ...။

မြေပြင်ကိုပွထအောင်
ဖူးဖူးမှုတ်ဦးပေါ့ ...။

ယန္တရားကြိတ်မောင်းသံ
သွေးကြောထဲစိမ့်ဝင်ခဲ့
အထူးပြုလုပ်ချက်တွေနဲ့
ဇောချွေးပျံတဲ့ဆက်တင်။

ရာစုဟောင်းရဲ့
ကျေးလက်နောက်ခံရှုခင်းဆီ
ငါ့ကိုယ်ထဲကငါ့ကို
ဆွဲနှုတ်လိုက်ပ
အို.. တနင်္ဂနွေ ။         ။

မင်းညွန့်လှိုင်