ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေး အလှူ ငွေအတွက် ဖျော်ဖြေပွဲ ကျင်းပ

ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေး အလှူ ငွေအတွက် ဖျော်ဖြေပွဲ ကျင်းပ
ရန်နောင်(ဗိုလ်တထောင်)       မိုးမခ  ဩဂုတ် ၁၄ - ၂၀၁၅


ဦးဇာဂနာ၊ဦးဇင်ဝိုင်း၊ ဒါရိုက်တာဝိုင်း

ဟဲလေး

လွှမ်းပိုင်

Bobby Soxer

စန္ဒီမြင့်လွင်

ရဲလေး

မေဆွိ

စိုင်းစိုင်းခမ်းလှိုင်

မိုးအောင်ရင်၊နေမင်း၊မေကဗျာ

မင်းမော်ကွန်း၊ထွန်းထွန်း

ကျော်ကျော်ဗို၊ယုသန္တာတင်

မင်းမော်ကွန်း၊ ထွန်းထွန်း၊ယုသန္တာတင်၊ကျော်ကျော်ဗို

ခန့်စည်သူ

နေတိုး


          ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေးသင့်ဒေသများမှ ပြည်သူများအတွက် ရံပုံငွေ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ဩဂုတ်လ(၁၂) ရက်နေ့ ညနေ(၆) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါဖျော်ဖြေပွဲတွင် ဂီတမှူးဦးခင်မောင်ကြီး၏ အဖွင့်ပမာဏဧည့်ခံတီးလုံးဖြင့် ပွဲကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘုရားကန်တော့ခန်း ကို လေးဝတီရခိုင်စည်တော်အဖွဲ့မှ လည်းကောင်း၊မေတ္တာပို့သီချင်းကို အနုပညာရှင် မော်ဒယ်လ်လေးများက လည်းကောင်း ဖျော်ဖြေခဲ့သည်။
          ထို့နောက် ဟဲလေး၊လွှမ်းပိုင်၊အိမ့်ချစ်၊ဖြူဖြူကျော်သိန်း၊မေဆွိ၊စိုင်းစိုင်းခမ်းလှိုင်၊ဘန်နီဖြိုး၊ယုန်လေး၊ပိုပို၊ရတနာမိုင်၊Bobby Soxer ၊ စသော အနုပညာရှင်များက HIBIRD BAND ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
          ဆက်လက်၍ ဒါရိုက်တာ ဇာဂနာ စီစဉ်ပြီးလူမင်း၊နေတိုး၊ခန့်စည်သူ၊မင်းမော်ကွန်း၊မိုးအောင်ရင်၊နေမင်း၊ဇင်ဝိုင်း၊ခိုင်သင်းကြည်၊ယုသန္တာတင်၊မေကဗျာ တို့ ခေါင်းဆောင်ပါဝင်ထားသည့် “ ပေါ်ဦးပြောရင် လွဲခဲတယ် ” ပြဇာတ်ကို တင်ဆက်ခဲ့သည်။
          ထိုနေ့ည ရေဘေးရံပုံငွေဖြင့် ဖျော်ဖြေပွဲကို အခမဲ့ဖြင့် ဖျော်ဖြေပြီး အလှူခံရငွေပေါင်း သိန်း၁၈၀၀ ကျော်ရရှိခဲ့သည်။ရေဘေးသင့်ခံရသူများပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့်ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်သည်။