လင်းသက်ငြိမ် ● လှ​တော့ လှ​နေပြီ

 
လင်းသက်ငြိမ် ● လှ​တော့ လှ​နေပြီ
(မိုးမခ) မေ ၂၀၊ ၂၀၁၆

အကကို​ကျော်​ပြီး ပြက်​လုံးချည်း
ရွေး​ရွေးကြည့်​​နေကြတဲ့​ခေတ်​မှာ
ဖန်​​ချောင်းကပြုတ်​ကျတာနဲ့ တန်းကွဲတာပဲ
ငြိမ်းချမ်း​ရေးကဗျာကို
ဒေါသသံ​တွေနဲ့ ရွတ်​ခဲ့ကြပြီးပြီ
ငြိမ်​သက်​ခြင်းကို ဘယ်​သူ​တွေ
ကြောက်​ရွံ့​နေကြသလဲ
အရှိန်​​လျော့​နေတဲ့မီးကို ဘယ်​သူ​တွေ
ရေနံဆီ​လောင်းသလဲ
ယုံကြည်​ချက်​ မျဉ်းယိုင်​များ
မယုံကြည်​မှုမျဉ်း​ကွေးများ
အဖြစ်​အပျက်​မှာ ငိုသူတို့ငို​နေကြပြီး
ရယ်​သူတို့ရယ်​​မော​နေ
ယားနာ​ပျောက်​သွားသူရဲ့
ယောင်​ယမ်းကုတ်​မိ​နေတဲ့ အ​လေ့အကျင့်
အလင်းကိုလိုချင်​လို့တံခါး​တွေ
အကုန်​ဖွင့်​ခဲ့ပြီး​တော့လည်း
နေ​ရောင်​ခြည်​ရဲ့ဒဏ်​ကျ ခံစားလို့မရပြန်​ဘူး ။

လင်းသက်​ငြိမ်