မိုးမခနာယကကြီး မောင်မိုးသူ ၇၉ နှစ်ပြည့်



မိုးမခနာယကကြီး မောင်မိုးသူ ၇၉ နှစ်ပြည့်
(မိုးမခ) မေ ၁၇၊ ၂၀၁၆


မိုးမခမီဒီယာ၏ နာယကကြီးလည်းဖြစ် မြန်မာစာနယ်ဇင်းလောက၏ သံမဏိသက်ရှည် စာရေးဆရာ၊ အယ်ဒီတာ မောင်မိုးသူ အသက် ၇၉ နှစ်ပြည့် မွေးနေ့အလှူကို မေလ ၁၇ ရက်မှာ နှစ်စဉ် ကျင်းပနေကျ တော်ဝင်နှင်းဆီခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။

 ချစ်ခင်ရင်းနှီးသူ စာပေလောကမှာ မိတ်ဆွေများ တက်ရောက်ကြပြီး ဘကြီးမိုးက ၇၉နှစ်ပြည့်အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်စာအုပ် လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။
မိုးမခမီဒီယာကလည်း မေလထုတ်မဂ္ဂဇင်းများကို စာပေမိတ်ဆွေများထံ လက်ဆောင်ပေးခြင်းအပြင် ဘကြီးမိုး ကိုယ်ရေးအကျဉ်းကို လက်ကမ်းစာစောင်အဖြစ် ဖြန့်ချိခဲ့ပါတယ်။

မိုးမခ၀ိုင်းတော်သားတွေ ကန်တော့လိုက်တဲ့ ဘကြီးမိုးအတွက် မွေးနေ့လက်ဆောင် ....