Myanmar Youth Community Service Organization Forum ပြုလုပ်

Myanmar Youth Community Service Organization Forum ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)     မိုးမခ      မေ ၁၀၊ ၂၀၁၆
ကိုကျော်စွာလင်း


          Myanmar Youth Community Service Organization Forum ကို ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ စကိုင်းစတားဟိုတယ်တွင် ၂၀၁၆ ခုနှစ် မေလ ၁၀ရက် (အင်္ဂါနေ့) ညနေ (၆) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ဆရာကြီး မင်းယုဝေ (မြတ်မင်္ဂလာ၊မင်္ဂလာမောင်မယ် အယ်ဒီတာချုပ်)

စာရေးဆရာ နန္ဒာမိုးမြေ


          Youth Donars အဖွဲ့မှ ကိုကျော်စွာလင်းက အဖွင့်နှုတ်ဆက်စကားပြောကြားပြီး စာရေးဆရာ မင်းယုဝေ နှင့် စာရေးဆရာ နန္ဒာမိုးမြေ တို့မှ ပရဟိတ စိတ်ထားနှင့် ပတ်သက်၍ လူငယ်များအား ဟောပြောခဲ့ကြသည်။

          ယခု ပြုလုပ်သော ဖိုရမ်သို့ ပရဟိတအဖွဲ့ပေါင်း (၃၂) ဖွဲ့တက်ရောက်ခဲ့သည်။


          ပရဟိတ အဖွဲ့များ ပေါင်းစည်းလုပ်ကိုင်နိုင်ရန် အတွက် ယခုဖိုရမ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း ကိုကျော်စွာလင်း က ပြောကြားခဲ့သည်။