အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ - ဂျူနီယာဝင်း




အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ - ဂျူနီယာဝင်း
(မိုးမခစာအုပ်စင်) ဇွန် ၁၂၊ ၂၀၁၆

ပထမအကြိမ် ၂၀၁၆ ဧပြီ
ထုတ်ဝေသူ - ဦးလှတိုး ရန်အောင်စာပေ။ တိုက် ၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ရာ။ အနောက်ရန်ကင်း ရန်ကုန်
ဖြန့်ချိရေး - ရန်အောင်စာပေ။ အထက ၁ ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် H ။ ၁၂ လုံးတန်း မှတ်တိုင် အနီး ရန်ကင်းမြို့နယ်။
ဖုန်း - ၀၉ ၅၁၇ ၉ ၃၉ ၈၊ ၀၉ ၇၃၂ ၄၃ ၈၅၁။
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
မျက်နှာဖုံးဒီဇိုင်း - ကိုနေလင်း
ကွန်ပြူတာစာစီ - ကိုမင်းထွတ်
စာမျက်နှာ - ၄၁၂
စာအုပ်ဆိုဒ် - ၃၀ x ၂၀ စင်တီ

၂၀၀၈ ခုနှစ်တုန်းက သိပ္ဗံနဲ့နည်းပညာ ဂျာနယ်တွင် အပတ်စဉ်ရေးသားခဲ့သော စွယ်စုံကျမ်း ဆိုင်ရာ ဆောင်းပါးတချို့နှင့် ထွက်ရှိခဲ့ပြီးဖြစ်သော အမေးအဖြေစွယ်စုံကျမ်း စာအုပ်များဖြစ် သော စကြ၀ဠာ၊ ကမ္ဘာဂြိုဟ်၊ ကမ္ဘာ့သမိုင်း၊ လူ့ကိုယ်ခန္ဓာ၊ သိပ္ဗံနဲ့နည်းပညာ၊ ကမ္ဘာတခွင်နှင့် အနုပညာအားကစားဖျော်ဖြေရေး စာအုပ် ၇ အုပ်အပါအ၀င်မထွက်ရသေးသော သဘာဝကမ္ဘာ တို့ကို တစည်းတပေါင်းတည်း ထုတ်ခဲ့သော စာအုပ်ဖြစ်သည်။ Steve Parker, Brian William Q&A Encyclopedia 2004 စာအုပ်ကိုအခြေခံကာ ဘာသာပြန်ခဲ့တာဖြစ်ပြီး ၂၀၁၅ တိုင် ထူး ခြားသောစွယ်စုံကျမ်းအချက်အလက်များကို ဖြည့်စွက်ထားတာကြောင့် ၂၀၁၅ အမေးအဖြေ စွယ်စုံကျမ်း အဖြစ်ပြည့်စုံသော၊ သတင်းအချက်အလက်များ စုံလင်သော စာအုပ်ဖြစ်သည်။

စာအုပ်တွင် ဘာသာရပ် ၈ ခုကို တပိုင်းစီတပိုင်းစီဖြင့်မေးခွန်းများနဲ့အဖြေများကို စိတ်ဝင်စား ဖွယ်ရေးသားထားသည်။ ထို့ပြင် မြန်မာပြည်အကြောင်းများကိုလည်း သင့်တော်ရာ အခန်းများ တွင် ထပ်မံဖြည့်စွက်ကာ ရေးသားထားသည်များ ပါဝင်သည်။ ဥပမာ - ရာသီဦးတုအခန်းတွင် မြန်မာပြည်တွင်ဖြစ်ပျက်ခဲ့သော နာဂစ်မုန်တိုင်းအကြောင်းများ ပါဝင်သည်။ ကမ္ဘာ့သမိုင်းအခန်း တွင် ပုဂံရာဇ၀င်ပါဝင်ထားသည်။ ဒဏ္ဍာရီအကြောင်းတွင် ရွှေတိဂုံဘုရားသမိုင်းအကြောင်းပါဝင် သည်။ ယနေ့ခေတ်မြို့ကြီပြကြီးများတွင် ယခုအခါရင်ဆိုင်နေရသော noise pollution အကြောင်းကို မေးခွန်းထုတ်ထားသည်။ အာကာသအကြောင်းများ၊ ကမ္ဘာကြီးအကြောင်းများ၊ တိရစ္ဆာန်လေးများအကြောင်း၊ လူ့ကိုယ်ခန္ဓာများ၊ လျှပ်စစ်အကြောင်း….စသဖြင့် သင်စဉ်းစားမိ သော အကြောင်းအရာမှန်သမျှကို မေးခွန်းနဲ့ အဖြေပုံစံများဖြင့် တိုတိုနဲ့လိုရင်း ရေးသား ထားပါသည်။ စာမျက်နှာအားဖြင့် ၄၀၀ ကျော်တာကြောင့် အားပါးတရ ဖတ်ရူကြရမည့် စာအုပ် ကောင်းတအုပ်ဖြစ်ပါသည်။


Encyclopedia စာအုပ်များဖြင့် ငယ်စဉ်ကတည်းက ရင်းနှီးလာခဲ့ရပြီး ဖတ်ရတာလည်း အလွန် ပျော်စရာကောင်းပါသည်။ စာဖတ်သူများကို သူ့လိုပဲ ဖတ်ရင်းပျော်ရွှင်စေချင်သော စေတနာ အပြည့်ဖြင့် ရေးသားခဲ့တာဖြစ်ပါသည်။ ထို့ပြင် စွယ်စုံကျမ်းစာအုပ်များကို သည်စာအုပ်တအုပ် ဖတ်ရုံနဲ့လည်း မလုံလောက်ပါ။ သည်လိုစာအုပ်တွေကိုအပြင်မှာ အင်္ဂလိပ်လိုတွေကို ရှာဖွေဖတ် ရူရင်း သည့်ထက်မကသော ပညာများတိုးပွားစေလိုပါသည်။ ယင်းသည် စာရေးသူ၏ ရည်ရွယ် ချက်ဖြစ်ပါသည်။ စာဖတ်ရင်းဖြင့် ပျော်မွေ့ကြပါစေ။