Khin Myo Chit – Quest for Peace



Khin Myo Chit – Quest for Peace
(မိုးမခ စာအုပ်စင်) ဇန်န၀ါရီ ၂၅၊ ၂၀၁၇


ပထမအကြိမ်
၂၀၁၆ ဒီဇင်ဘာ
ထုတ်ဝေသူ - ဦးကျော်ဦး
ပါရမီ Parami စာပေ
၂၉ လမ်း အမှတ် ၂၃၀ ပန်းပဲတန်း မြို့နယ် ရန်ကုန်
တန်ဖိုး - ၄၀၀၀ကျပ်
အုပ်ရေ -
စာမျက်နှာ - ၂၇၆

စာရေးဆရာမကြီး Khin Myo Chit (ခင်မျိုးချစ်) Working People’s Daily တွင် ၁၉၆၄ ခုနှစ်က အင်္ဂလိပ်လို အပတ်စဉ်ရေးသားခဲ့သော Quest for Peace ဆောင်းပါးများ စုစည်းမူ ဖြစ်သည်။ (ဒေါ်)ခင်မျိုးချစ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဟု ခေါ်ဆိုနိုင်သည်။ ဖြတ်သန်းခဲ့ရသော ကလေးဘ၀ကနေ စလို့ စစ်အတွင်းကာလ အဖြစ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ လျောက်ခဲ့သော ခရီးများ၊ စာရေးဆရာဘ၀၊ စာပေဘ၀နှင့် လူမူရေးဘ၀များကို ပုံဖော်ရေးသားထားသည်။

ထိုဆောင်းပါး ၄၉ ပုဒ် တွင် တချို့သော ဆောင်းပါးများမှာ အတွေးအမြင်တွင် ဒေါက်တာခင်မောင်ဝင်းနှင့် ဂျူနီယာဝင်းတို့က မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ကာ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုစာအုပ်သည် ဒေါ်ခင်မျိုးချစ်၏ ပုံနှိတ်ဖော်ပြခြင်း ထုတ်ဝေခြင်း မရှိသေးသော ဆောင်းပါးများ အားလုံးအား ပထမဦးဆုံးအကြိမ် ထုတ် စာအုပ်ဖြစ်သည်။

Quest for Peace ဟူသောအမည်အား (ဒေါ်)ခင်မျိုးချစ်က သူ၏ ဆောင်းပါးများခေါင်းစဉ်အဖြစ် အတည်မပြုမှီတွင် ဆရာကြီး ဦးဝင်းဖေ (မြဇင်) နှင့် မစ္စဂေါ်ဝင် တို့က Many a House of Life Hath Me ကဗျာဆန်သောအမည် နှင့် House of Life အမည် ၂ ခု ကြား အငြင်းပွားခဲ့ကြကြောင်း သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ အမှာစာတွင် ရေးသားထားသည်။ (ဒေါ်)ခင်မျူိးချစ်အနေနှင့် သူအင်မတန်လေးစားသော ပုဂ္ဂိလ်ကြီးများသဘောကျသော ထိုခေါင်းစဉ် ၂ ခုသည် စာဖတ်သူများအား ရှင်းပြဖို့ရန် လိုအပ်သော လေးနက်သော အဓိပ္ဗါယ်များ စီးဝင်လျက်ရှိနေသောကြောင့် နောက်ဆုံးတွင် Quest for Peace အမည်ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်ဟု သိရပါသည်။