![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG1RPRe9yAkeUK5R7PYgvbjqv4L3RfhfVqyMCL6YKXDgIxyFpy1osMeRe5mg4Kb76DX0tKNo6kCDdWpeM1DgkxXJ0zzbo9uDvBQkXBRD80x1lA-3fyzRbW7bqmmsgqYksmfpR9F4eXAozn/s200/%25E1%2581%2583.jpg)
မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၇
(မိုးမခ) ဧပြီ ၂၊ ၂၀၁၇
ကမ္ဘာဟာအကြမ်းပညာနဲ့
အောင်မြင်ဆဲပါလား …
သုခမိန်လှိုင် (စာ-၆၇)
သမ္မတ မလုပ်ချင်ပါဘူး
အဲဒီ အလုပ်က တက်လမ်း မရှိဘူး ဆိုသလို ပေါ့လေ …
အောင်ချိမ့် (စာ-၆၉)
မိုးမခ အတွဲ (၄)၊ အမှတ် (၄)၊ ဧပြီလ ၂၀၁၇ ကို ရန်ကုန် ပန်းဆိုးတန်း၊ လှည်းတန်း စာအုပ်ဆိုင်ကြီးတွေမှာ ဖြန့်ချိပြီးပါပြီ။
လစဉ် အိမ်အရောက်မှာထားသူတွေကိုလည်း လာမယ့် အပတ်ထဲမှာ စာတိုက်ကတဆင့် ပို့ပေးမှာ ဖြစ်ပါတယ်။
မိုးမခ မဂ္ဂဇင်း လစဉ်ထုတ်တွေကို မြန်မာနိုင်ငံ ဘယ်နေရာက မဆို ဖုန်းဆက် မှာယူနိုင်ပါတယ်။ ပို့ခ၊ ဝန်ဆောင်ခ မှာသူက ပေးစရာမလို၊ မိုးမခက အိမ်အရောက်ပို့ပေးနေပါတယ်။
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
ဧပြီ လထုတ်မှာ ဒေါက်တာသိန်းလွင် (NNER) ရဲ့ ပညာရေး စာတမ်း အပါအဝင် ပညာရေး ဆိုင်ရာ သတင်းဆောင်းပါး၊ ပညာရပ်ဆိုင်ရာ အတွေးအမြင် ဆောင်းပါးများ၊ မိုးမခ လူကြီးများ ဖြစ်ကြတဲ့ တင်မိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်၊ ဝင်းအောင်ကြီး တို့ရဲ့ ကဗျာ စာစုများ၊ ရွှေကူမေနှင်းရဲ့ အမေရိကန်ပြည်ဝင်ခွင့် အတွေ့အကြုံနဲ့ အခြား မိုးမခ ကလောင်ရှင်များရဲ့ ရသ၊ သုတ ကဏ္ဍမျိုးစုံကို ဖတ်ရှု ရမှာ ဖြစ်ပါတယ်။
ကဗျာ ကဏ္ဍမှာ ဆိုရင်လည်း သုခမိန်လှိုင်၊ အောင်ချိမ့်၊ မောင်မှိုင်းလွင် (အင်းဝ)၊ ခင်အောင်အေး၊ ဝင်းမြင့်၊ မိုးဝေ၊ ကိုရွေး၊ ဇေယျာလင်း၊ ဟိန်းမြတ်ဇော်၊ မဝင့် (မြစ်ငယ်)၊ နှင်းခါးမိုး၊ အောင်ဝေး၊ စမ်းစမ်းတင်၊ မောင်မောင်ငြိမ်းအေး၊ ခက်သီ၊ စိုးနေလင်း တို့ရဲ့ ကဗျာတွေကို တဝကြီး ဖတ်ရှုရမှာပါ။
မိုးမခ ရဲ့ ထုံးစံအတိုင်း မျက်မှောက်ရေးရာ၊ နိုင်ငံတကာရေးရာ၊ ပညာရေး၊ လူမှုရှုခင်း၊ စာပေရေးရာ၊ ကဗျာ၊ ဘာသာပြန်ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ မှတ်စုမှတ်တမ်း၊ ကာတွန်း၊ သရော်စာ အမယ်စုံ နဲ့ အကောင်းဆုံး ဖွဲ့စည်း တင်ဆက်ထားတဲ့ အတွက် ဝယ်ယူ သိမ်းဆည်းထားနိုင်ဖို့ လက်တို့လိုက်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimVp2dp9tN1BjZVyHeiLj-8AE9uxcb0Tw3v07OC2S0UKcM1T9oWBo95IuuT-59-MGjlEN-Ow557NZfZ_exT73NiuLLW7ZfuhNUCNUUuX5ptphw_VH9PIgr8yk0wuO04-oZbQR8jusCyrE6/s640/%25E1%2581%2582.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjYS9AUCPHQMjYZu3mYtVjtNz1qTRVW-yvt5VdZG0xPGCKv1dw3q1SBMnsOTvjgfZR0pjzlE3FNBf3zG-jM48YHujDgpnyoYMg9fb4YDonm5Yl4ZzQly0sZTIdWB4pQAD9LZxE8tTlRiWq/s640/unnamed.jpg)
Moemaka Media
Email : editors@moemaka.net
Website: http://moemaka.com
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka
#MoeMaKa_Magazine
#MoeMaKa_Media
#MoeMaKa