ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇
ကမ္ဘာမှာ အရေးအကြီးဆုံးက
လူသားဝါဒလား
လူသားဆန်ဆန် တွေးကြည့်ပြန်တော့
လူသားတွေ မူမမှန်တာကို
ဂဏန်းပေါင်းစက်တွေက အဖြေထုတ်ပြတယ်
တွင်းထွက်ရေနံဟာ
အပြစ်မဲ့သူကို သေဒဏ်ပေးနိုင်တဲ့အထိလည်း တန်ခိုးရှိတယ်
လူ့အခွင့်အရေးတံဆိပ်ကပ်ပြီး
အခမဲ့ရိတ်သိမ်းလို့ အကောင်းဆုံးပစ္စည်းဟာ
မြေကြီးတွေအောက်က သဘာဝတွင်းထွက်သယံဇာတပဲ
ကိုယ့်နိုင်ငံ အားနည်းတဲ့အခါ
အားကိုးရာအတွက် ကမ္ဘာပတ်ပြီး သဟာယဖွဲ့ရှာကြစမြဲ
မမြဲတဲ့ တရားတော်အတိုင်း
ဘာဆို ဘာမှမမြဲပါဘူး
တစုံတရာကို မြဲမြဲဆုပ်ကိုင်ထားတဲ့လက်ဟာ
ချိနဲ့ဆင်းရဲနွမ်းပါးလာတဲ့အခါမှာ
အားကောင်းရာ အလေးသာရာဘက်ကို ယိမ်းကြစမြဲ
နားနှစ်ဘက်နဲ့ နားထောင်ကောင်းတဲ့
ဂလိုဘယ်လ်လိုက်ဇေးရှင်းဟာ
မျက်စိရှေ့မှောက်မှာတင် အိုရင်ပယ်လိုက်ကြတာချည့်ပဲ
မမြဲတဲ့ တရားတော်အတိုင်း
ဘာဆို ဘာမှမမြဲပါဘူး
တစုံတခုကောင်းဖို့အတွက် တစုံတရာကဆိုးပေးရမြဲဆို
ဘာကိုလိုချင်လို့ ဘာကိုပေးနေကြတာလဲ
ကွဲကွဲပြားပြားမသိရတဲ့အခါ
စားရမှာက သဲတရှပ်ရှပ်
လွှင့်ပစ်ဖို့ရာကျပြန်တော့လည်း အဆီတဝင်းဝင်း
တစုံတဦးဘက်မှာ မှောင်မိုက်နေခါမှ
တစုံတယောက်ဘက်မှာ လင်းလင်းချင်းချင်းဖြစ်မှာမို့
ကမ္ဘာဟာ ကမ္ဘာလိုပုံမှန်လည်နေဆဲပဲ
ပုံမှန်မလည်နိုင်တာက
ပြဌာန်းစာအုပ်တွေထဲက တရားမျှတမှုတွေပဲ
ကမ္ဘာ့နိုင်ငံရေးဈေးကွက်ထဲမှာ
ချိန်ခွင်လျှာပျက်နေခဲ့တာလည်း ရာစုနှစ်များစွာကြာခဲ့ပေါ့။
ဆောင်းယွန်းလ
(အောက်တိုဘာ ၂ ရက်၊ ၂၀၁၇)
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇
ကမ္ဘာမှာ အရေးအကြီးဆုံးက
လူသားဝါဒလား
လူသားဆန်ဆန် တွေးကြည့်ပြန်တော့
လူသားတွေ မူမမှန်တာကို
ဂဏန်းပေါင်းစက်တွေက အဖြေထုတ်ပြတယ်
တွင်းထွက်ရေနံဟာ
အပြစ်မဲ့သူကို သေဒဏ်ပေးနိုင်တဲ့အထိလည်း တန်ခိုးရှိတယ်
လူ့အခွင့်အရေးတံဆိပ်ကပ်ပြီး
အခမဲ့ရိတ်သိမ်းလို့ အကောင်းဆုံးပစ္စည်းဟာ
မြေကြီးတွေအောက်က သဘာဝတွင်းထွက်သယံဇာတပဲ
ကိုယ့်နိုင်ငံ အားနည်းတဲ့အခါ
အားကိုးရာအတွက် ကမ္ဘာပတ်ပြီး သဟာယဖွဲ့ရှာကြစမြဲ
မမြဲတဲ့ တရားတော်အတိုင်း
ဘာဆို ဘာမှမမြဲပါဘူး
တစုံတရာကို မြဲမြဲဆုပ်ကိုင်ထားတဲ့လက်ဟာ
ချိနဲ့ဆင်းရဲနွမ်းပါးလာတဲ့အခါမှာ
အားကောင်းရာ အလေးသာရာဘက်ကို ယိမ်းကြစမြဲ
နားနှစ်ဘက်နဲ့ နားထောင်ကောင်းတဲ့
ဂလိုဘယ်လ်လိုက်ဇေးရှင်းဟာ
မျက်စိရှေ့မှောက်မှာတင် အိုရင်ပယ်လိုက်ကြတာချည့်ပဲ
မမြဲတဲ့ တရားတော်အတိုင်း
ဘာဆို ဘာမှမမြဲပါဘူး
တစုံတခုကောင်းဖို့အတွက် တစုံတရာကဆိုးပေးရမြဲဆို
ဘာကိုလိုချင်လို့ ဘာကိုပေးနေကြတာလဲ
ကွဲကွဲပြားပြားမသိရတဲ့အခါ
စားရမှာက သဲတရှပ်ရှပ်
လွှင့်ပစ်ဖို့ရာကျပြန်တော့လည်း အဆီတဝင်းဝင်း
တစုံတဦးဘက်မှာ မှောင်မိုက်နေခါမှ
တစုံတယောက်ဘက်မှာ လင်းလင်းချင်းချင်းဖြစ်မှာမို့
ကမ္ဘာဟာ ကမ္ဘာလိုပုံမှန်လည်နေဆဲပဲ
ပုံမှန်မလည်နိုင်တာက
ပြဌာန်းစာအုပ်တွေထဲက တရားမျှတမှုတွေပဲ
ကမ္ဘာ့နိုင်ငံရေးဈေးကွက်ထဲမှာ
ချိန်ခွင်လျှာပျက်နေခဲ့တာလည်း ရာစုနှစ်များစွာကြာခဲ့ပေါ့။
ဆောင်းယွန်းလ
(အောက်တိုဘာ ၂ ရက်၊ ၂၀၁၇)
Comments