ဆောင်းယွန်းလ ● သံသယ

ဆောင်းယွန်းလ ● သံသယ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇
အတွေးနဲ့တင်
ပူလောင်လွန်းလှတယ်

ရေကို ကျိုချက်ပြီးသောက်ခဲ့ရတယ်
လေကို ဇကာနဲ့စစ်ပြီးရှူရှိုက်ခဲ့ရတယ်
မြေကြီးကို ဖိနပ်စီးပြီး ကာကွယ်ခဲ့ရတယ်

ဝန်ထုပ်ဝန်ပိုးတွေဟာ
သယ်ဆောင်လာသူတွေရဲ့ ပုခုံးထက်မှာ
ပိုပြီးလေးလံစီးပိုးလာခဲ့

သိပ်သည်းဆတွေများလာတဲ့အခါ
ကမ္ဘာဟာ
ကြောက်မက်ဖွယ်ရာ အိုင်းအနာကြီး

ကိုယ့်ခရီး ကိုယ်စီးနေကြတဲ့
သံသရာထဲ
သံသယဟာ ဝင်္ကဘာတခုပဲ။

ဆောင်းယွန်းလ (နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၇)

Comments