![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2aVVNvsYG4-bOjzbk9Y-w_YryjXOLE4xLQcNPanbaEPqbsoRd2Y7r7_CSTLKS-9dGlMBspnUtelKSWiOD3N9yl2XpNeOnr1iW0FVgeDwvYDf7MKETeDaHvkuvj9bvuv4TpRb-BpdY_g2J/s640/FreshPaint-761-2017.04.20-08.32.34.jpg)
လင်းသက်ငြိမ် ● အကောင်းစားအရသာ
(မိုးမခ) မေ ၂၈၊ ၂၀၁၈
ပျော်ပါတယ်ဆိုမှ ဖန်ခွက်ကလေးနဲ့လာခံနေတယ်
အမြုပ်ပဲထွက်ပေးရမှာလား အချိုပဲများပေးရမှာလား
သူ့လည်း ပျော်စေချင်လို့ပါ။
အကောင်းဆုံးက နိုင်သလောက်ပဲသယ်
ပိုကောင်းတာက ဘာမှသယ်မနေနဲ့။
ရေထဲမျှောလာတဲ့ပစ္စည်းကို
ရေကူးနေတဲ့ လူရနိုင်သလား။
ကောင်းကင်ဘုံ ဗွက်ပေါက်နေပြီ
လောက်တဖွားဖွားဒဏ်ရာတွေနဲ့ မြေကြီးဟာငိုညည်း
ဆွဲအားကြောင့် ပန်းသီးကြွေကျလာသတဲ့
လမ်းကြိတ်စက်တွေ လမ်းပေါ်နေတော့
ငါတို့ပဲ ရှောင်ကွင်းသွားခဲ့ကြရတာပဲ မဟုတ်လား။
လင်းသက်ငြိမ်
(မိုးမခ) မေ ၂၈၊ ၂၀၁၈
ပျော်ပါတယ်ဆိုမှ ဖန်ခွက်ကလေးနဲ့လာခံနေတယ်
အမြုပ်ပဲထွက်ပေးရမှာလား အချိုပဲများပေးရမှာလား
သူ့လည်း ပျော်စေချင်လို့ပါ။
အကောင်းဆုံးက နိုင်သလောက်ပဲသယ်
ပိုကောင်းတာက ဘာမှသယ်မနေနဲ့။
ရေထဲမျှောလာတဲ့ပစ္စည်းကို
ရေကူးနေတဲ့ လူရနိုင်သလား။
ကောင်းကင်ဘုံ ဗွက်ပေါက်နေပြီ
လောက်တဖွားဖွားဒဏ်ရာတွေနဲ့ မြေကြီးဟာငိုညည်း
ဆွဲအားကြောင့် ပန်းသီးကြွေကျလာသတဲ့
လမ်းကြိတ်စက်တွေ လမ်းပေါ်နေတော့
ငါတို့ပဲ ရှောင်ကွင်းသွားခဲ့ကြရတာပဲ မဟုတ်လား။
လင်းသက်ငြိမ်
Comments