ဂျူနီယာဝင်း - လက်ဝှေ့ အားကစား ဘယ်တုန်းကစ



ဂျူနီယာဝင်း - လက်ဝှေ့ အားကစား ဘယ်တုန်းကစ
(မိုးမခ) ဇွန် ၆၊ ၂၀၁၈

 ပထမဦးဆုံးလက်ဝှေ့ထိုးတာကို ရှေးဟောင်းဂရိကနေ စသည်ဟု ဆိုပါသည်။ ယင်းသည် အိုလံပစ်အားကစားထဲမှာ ပါဝင်လာမည့် အားကစားတခုလည်း ဖြစ်လာပါသည်။ သူတို့ အဲသည်တုန်းက ကစားကြသော ထိုလက်ဝှေ့ထိုးပွဲက ဥပဒေသများဟာ ယနေ့ယခု လိုက်နာနေကြရသော လက်ဝှေ့ဥပဒေများနှင့် တော်တော်လေးနီးစပ်သည်ဟု ဆိုပါသည်။ သို့သော် တခုတည်းသောကွာခြားချက်ကား ဂရိလူမျိုးတွေက လက်ဝှေ့ထိုးရင် လက်အိတ်မပါပါ။ ယနေ့ခေတ်မှာ တွေ့ရသော လက်ဝှေ့က လက်အိတ်ထူထူကြီးတွေနဲ့ မဟုတ်ပါလား။ ထိုသရေနဲ့ ချုပ်ထားကာ သတ္တု (သို့မဟုတ်) ကြေးသားအပြားများနှင့် ခံထားသော ထိုလက်အိတ်စွပ်ထားသော လက်သီးကို ထိုးခံလို့ကတော့ တော်တော်ကြီးကို ပြင်းထန်သော ဒဏ်ရာများ ရသွားမည်ဖြစ်ပါသည်။ လက်ဝှေ့အားကစား ဘာကြောင့် ပျောက်ဆုံးသွားသလဲ။ လက်ဝှေ့အားကစားသည် ရောမအင်ပါယာကြီး ပျက်စီးသွားစဉ်တုန်းက ပျောက်ကွယ်သွားရပါသည်။ ယင်းကနေ လုံးဝဥဿုံ ပြန်မပေါ်လာခဲ့သည်မှာ ၁၈ ရာစုကာလမှာ အင်္ဂလန်ပြည်မှာ ပြန်လည် အသက်သွင်းပေးလိုက်မှ ဖြစ်ပါသည်။ ချက်ချင်းလိုလိုပင် လက်ဝှေ့အားကစား သည် လူကြိုက်များလာကာ နှစ်ပေါင်းရာကျော်တိုင် တည်မြဲခဲ့ပါသည်။

(ဓာတ်ပုံ - ရန်နောင်(ဗိုလ်တထောင်))

Comments