KT# |
လောင်ကျွမ်းပြာကျပြီးနောက် -၃
မောင်နောင်မွန်
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၈
တံစို့သီခံထားရသောအသားစိုင်တ ခုလို
နံနက်ခင်းတခုရဲ့နေထွက်ချိန်မှာ
မိုးသားတခုလုံး အနီတွေစွေနေ
ခပ်ဖျော့ဖျော့တက်လာတဲ့လေပြင်းသံ တချက်တချက်မှာ
ယမကာတထောင်းထောင်းနဲ့
ဒီရေတွေကျပြီလား
လငပုတ်ဖမ်းပြီးလား
ဖြတ်တားခံရသော မီးပွိုင့်မှာ
အလံတော်ဟာ ပြာကျခဲ့ရတယ်။ ။
Comments