ရိုးတံ (ပုလဲနယ်) ● ဆွတ်ပျံ့ပျံ့ ငံ့လင့်သူ


ရိုးတံ (ပုလဲနယ်) ● ဆွတ်ပျံ့ပျံ့ ငံ့လင့်သူ
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈

စံပယ်ရုံကလေး
ကမ္ဘာမြေကြီးကို
ဆွေးဆွေးမြေ့မြေ့ ဆုပ်ကိုင်ထားတယ်။

တောရနံ့က
သူ့ကိုယ်ပေါ်မှာ သင်းပျံ့လို့။

မိုးစက်မိုးပေါက်တွေ ဖြန့်ခင်းအိပ်တဲ့အခါ
ယုံကြည်ရာကို ငေးမျှော်ကြည့်နေတယ်။

ရှင်သန်ခြင်း
ညနေခင်းအလှတရား
သံဝေဂများနဲ့ ညှိုးခွေသွားတဲ့ သူ့အဆင်း
ငြင်းခုံစရာလည်း မရှိတော့ပါ။

ဆင်ခြင်တုံတရား
အရုဏ်ဦးတံခါး
ခပ်ဝါးဝါး အလင်းတန်း
ကိုယ်မှန်းမျှော်ထားတဲ့ဆီ
အားတင်းပြီး ထွက်လာခဲ့တယ်။

ရိုးတံ (ပုလဲနယ်)

Comments