ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် Yangon Book Plaza မှာ ပြုလုပ်မယ်


ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် Yangon Book Plaza မှာ ပြုလုပ်မယ်
K (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈


ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျန်ရစ်သူ ညီမလေးမမမြင့်တို့ မိသားစုမှ ကြီးမှူးကာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာရှိ Yangon Book Plaza မှာ စက်တင်ဘာ၃ရက် နေ့လယ် နှစ်နာရီ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်ခြင်းအထိမ်းအမှတ်အခမ်းအနားများကို ကွယ်လွန်ချိန်၂၀၀၂ ခုနှစ်မှစတင်ကာ စစ်အ စိုးရကာလများမှာလည်းရန်ကုန်၊ မန္တလေး ၊ပြည် အစရှိတဲ့မြို့ကြီးများမှာ ပြုလုပ်ကျင်းပခဲ့ရာ ယခုအကြိမ်ဟာ ၁၆ ကြိမ် မြောက်ခဲ့ပြီဖြစ်ပါတယ်။

အထိမ်းအမှတ်အခမ်းအနားနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူညီမလေးမမမြင့်က “ မြန်မာပြည်သား ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း၁၆နှစ်ပြည့်အမှတ်တရ အခမ်းအနားလေး လုပ်ချင်ပါတယ်။ မောင်ချောနွယ်နဲ့ရင်ဘတ်ချင်း တူတဲ့သူတွေ ဂျပ်ပင်ထိုးကြဖို့ပါပဲ။ ကဗျာတွေနဲ့အမှတ်ရကြဖို့ပါပဲ။ ကဗျာထက်ပိုတဲ့အရာ ဘာမှမရှိတဲ့နေ့လယ်ခင်းလေးပါပဲ။ အားလုံးကို ဖိတ်ပါတယ်”လို့ ဆိုထားပါတယ်။

အဆိုပါ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်မြို့တွင်သာမက ပြည်၊ မန္တလေးမြို့များ မှာလည်း မောင်ချောနွယ်ချစ်သူများက ပြုလုပ်ရန်စီစဉ်နေကြကြောင်းသိရပါတယ်။

ကဗျာဆရာ မောင်ချောနွယ်ဇာတိ ပြည်မြို့၊ ရွှေဆံတော်ဘုရားတောင်ဘက်မုခ်ရှိ ဒက္ခိဏရုံကျောင်းတိုက်မှာ စက်တင်ဘာ ၃ ရက် နံနက်၁၀နာရီမှာ ပြည်မြို့မြို့ခံကဗျာဆရာများနဲ့မောင်ချောနွယ်ချစ်သူများက ကျင်းပမယ်လို့သိရပါတယ်။

ကဗျာဆရာမောင်ချောနွယ် အမှတ်တရရုပ်တုများကို ပြည်မြိုနှင့် မန္တလေးတောင်သမန်အင်းစောင်း သူဌေးဘုရားရင်ပြင် တို့မှာ စိုက်ထူပြသထားပါတယ်။

Comments