ပန်းချီကိုကိုနိုင်ရဲ့အနီးအဝေးမြို့ပြအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ ပန်သူရိယပြခန်းမှာ ပြသမယ်





ပန်းချီကိုကိုနိုင်ရဲ့အနီးအဝေးမြို့ပြအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ ပန်သူရိယပြခန်းမှာ ပြသမယ်
K (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၈


Urban Perspective (အနီးအဝေးမြို့ပြ) လို့အမည်ပေးထားတဲ့ ပန်းချီဆရာ ကိုကိုနိုင်ရဲ့တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်ဘိုကလေးဈေးလမ်း၊ အမှတ် ၁၀၀ရှိ ပန်သူရိယ အနုပညာပြခန်းမှာ နိုဝင်ဘာ ၂ရက်မှ ၆ရက်ထိပြသသွားမယ်လို့သိရပါတယ်။

အဆိုပါပန်းချီပြပွဲမှာ ရန်ကုန်မြို့ပြအဆောက်အဦများကိုရေးဆွဲထားတာမြင်တွေ့ရမှာဖြစ်ပြီး ပြပွဲဖွင့်ပွဲရက် နိုဝင်ဘာ၂ရက် ညနေ၆နာရီခွဲကနေ စတင်ကာ ၅ ရက်ကြာပြသထားမယ် လို့ သိရပါတယ်။

ပန်းချီဆရာကိုကိုနိုင်ဟာ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာတဦးဖြစ်ပြီး လုံးချင်းစာအုပ်မျက်နှာဖုံးများကိုရေးဆွဲနေကာ သူ၏ကောက်ကြောင်းလက်ရာများမှာ အထူးထင်ရှားပါတယ်။ ကိုကိုနိုင် အမည်ဖြင့်လည်း ကိုယ်ပိုင်သံစဉ်သီချင်းခွေထုတ်ခဲ့ပြီး ဂျွန်ဘွားကလောင်ဖြင့်လည်း ကဗျာရေးဖွဲ့နေဆဲဖြစ်ပါတယ်။ ၂၀၁၇ခု မတ်လထဲမှာလည်း သူရဲ့ငါးကြိမ်မြောက် “My Shelter,My Heaven” တစ်ကိုယ်တော် ပန်းချီပြပွဲကို အလှသစ် Art Gallery မှာပြုလုပ်ခဲ့ပါတယ်။

Comments