သျှီသူအောင် - မနက်ဖြန်ဆီမှ အဆိုပြုချက်


မနက်ဖြန်ဆီမှ အဆိုပြုချက်
သျှီသူအောင်
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၈

မဖြစ်နိုင်မှန်း သိလေ
ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် တိတ်ဆိတ်မိလေ။
မမျှော်မှန်းနိုင်သေးသော ခရီးမှာ
တောင်တက်ကားတစ်စီးလို
နောက်ဆုတ် ရှေ့တိုး။
ဟိုး…ချောက်ထဲထိ
လှမ်းငုံ့ကြည့်ရင်း
စိတ်ကို တင်းတယ်
အနှောင့်အယှက်မကင်းပေမယ့်
လီဗာနင်းထားတဲ့ အနာဂတ်ဟာ
စက်ရပ်သွားလို့ မဖြစ်ဘူး။

သျှီသူအောင်

Comments